နေပြည်တော် မေ ၅
တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများ မှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ
မေ ၄ ရက်နှင့်ယနေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့နယ်တို့၌
ဒေသခံပြည်သူ ၁၃၆၀ ၊ မွန်ပြည်နယ်နှင့်ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့၌
ဒေသခံပြည်သူ ၅၁၄၇ ဦး၊ ရန်ကုန် တိုင်းဒေသကြီးတာမွေမြို့နယ်၌ ဒေသခံပြည်သူ ၅၆၀ ၊ ဧရာဝတီ
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၆ မြို့နယ်၌ဒေသခံပြည်သူ ၁၇၃၃၂ ဦး၊ရခိုင်ပြည်နယ်နှင့်
ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်၌ဒေသခံပြည်သူ ၁၄၉၂၆ ဦး၊မန္တလေးတိုင်းဒေသ
ကြီးအတွင်းရှိ ခရိုင်ခုနစ်ခုမှ ဒေသခံပြည်သူ၂၄၇၄၇ဦးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်သုံးမြို့ နယ်၌ဒေသခံ ပြည်သူ ၂၅၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များကပြည်သူ့ဆေးရုံများမှ
ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး
လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment