နေပြည်တော် မေ ၅
အသက်မပြည့်သေးသည့်မိန်းကလေးကို တရုတ်နိုင်ငံသားကသံရုံး၊ တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ သားမယားအဖြစ်ပေါင်းသင်းနေထိုင် သဖြင့်လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး
လှိုင်သာယာမြို့နယ် အလယ်ရွာနေ မလှလှနွယ်(ခ) မမာယာနွယ်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်နေ
မ ...(၁၇) နှစ် ကို ၎င်းအလုပ်ရှင်ဖြစ်သည့် တရုတ်နိုင်ငံသား Yangxiaq Ming (ခ) ရောင်မြင့်က
ချစ်ကြိုက်နေကြောင်း၊ပေါင်းသင်းပါက ငွေကျပ် သိန်း ၁၅၀ ရမည်ဟု ပြောဆိုစည်းရုံး၍တရုတ်နိုင်ငံသား
Yangxiaq Ming (ခ) ရောင်မြင့်က သံရုံး၊ တရားရုံးတို့၏ ခွင့်ပြုချက်မရှိဘဲ သားမယားအဖြစ်
ပေါင်းသင်းနေထိုင်ခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ) ၂၄၂၆/ ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ
၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရုတ်နိုင်ငံသား
Yangxiaq Ming(ခ) ရောင်မြင့်နှင့် မလှလှနွယ် (ခ)မာယာနွယ်တို့ကို မေ ၃ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ
ပုဒ်မ ၂၆/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment