Friday, May 20, 2022

ဖားကန့်၊ တာချီလိတ်နှင့် မုဒုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၉

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၈ ရက် ညနေ ၆နာရီခွဲတွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ယူမာကျေးရွာအနီးတွင် မမာဆိုင်း (ခ) အားမိန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၂၈၀၀ ကိုလည်းကောင်း၊ ထိုနေ့မွန်းလွဲ ၂ နာရီခွဲတွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု စန်းလုကျေးရွာအနီး တာချီလိတ်-မိုင်းဆတ်သွားကားလမ်းရှိ အားချီနေထိုင်သည့် တောင်ယာတဲသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၄၀၀၀ ကိုလည်းကောင်း။

မေ ၁၇ ရက် ညနေ ၆ နာရီခွဲတွင် မုဒုံမြို့ မြို့မ(၄)ရပ်ကွက် ခုနစ်ခွေတောင်အဆင်း မုဒုံ- ချောင်းနှစ်ခွသွား ကားလမ်းတွင် ဇော်မင်းဦးမောင်းနှင်ပြီး စည်သူအောင် လိုက်ပါလာသည့် နစ်ဆန်းဒီဇယ်အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အမိုနီယမ်နိုက်ထရိတ် ၄၀၀၀ ကီလိုကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment