Thursday, May 5, 2022

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်

  


နေပြည်တော် မေ ၄

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကုဆေး အဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)သည် ယနေ့တွင် ကိုကိုးကျွန်းရှိ ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူ ၃၉၅ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၇၅ ဦး၊ ခွဲစိတ်ရောဂါ ၃၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၅ ဦး၊ ကလေး ရောဂါ ၄၀၊ အရိုးရောဂါ ၆၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၃ ဦး၊ မျက်စိရောဂါ ၉၀ နှင့် သွားနှင့် ခံတွင်းရောဂါ ၃၅ ဦး စုစုပေါင်း ၃၉၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၁၀ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၅ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၃၅ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ် လူနာ ၃၀ နှင့် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၀ တို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင် ခဲ့ပြီးဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူခြောက်ဦးကို ဆေးရုံရေယာဉ်ပေါ်တွင် ဆေးရုံတင်ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment