Wednesday, May 18, 2022

ဒုတိယဝန်ကြီး ဦးရဲတင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 


နေပြည်တော် မေ ၁၇

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၌ ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးသည် မေ ၁၆ ရက် နံနက်ပိုင်းတွင် မြိတ်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ ထုတ်လွှင့်မှုမပြတ်တောက်စေရေး၊ စက်ပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးမှုမရှိအောင် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် စက်နှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးတို့ကို မှာကြားသည်။

ထို့နောက် မြိတ်မြို့ရှိ ကိုယ်ပွားသတင်းစာတိုက်သို့ ရောက်ရှိပြီး စက်ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် သတင်းစာဖြန့်ဝေမှုတို့နှင့်စပ်လျဉ်း၍ မှာကြားကာ မီးဘေးလုံခြုံရေး ဂရုစိုက်ရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြိတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ရောက်ရှိပြီး စာဖတ်စာငှားလာကြသူများနှင့် ကလေးစာဖတ်ခန်းတွင် လာရောက်လေ့လာနေကြသော ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ အားပေးနှုတ်ဆက်သည်။

ယင်းနောက် ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်နှင့် ပလောက်မြို့တို့မှ ဦးစီးမှူးများ၊ ထပ်ဆင့်လွှင့်စက်ရုံစက်ရုံမှူးနှင့် ဝန်ထမ်းများ၊ ကိုယ်ပွားသတင်းစာတိုက်(မြိတ်) တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေနှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်ဖြစ်သော ပြန်ကြားရေး၊ အသိပညာပေးရေး၊ ဖျော်ဖြေရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းရေးရာကိစ္စများနှင့် ဝန်ထမ်းများ လုပ်ဆောင်မှု စွမ်းရည်မြင့်မားရေးနှင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရေးတို့ကို မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြဆွေးနွေးချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကလိန်အောင်မြို့နယ်နှင့် သရက်ချောင်းမြို့နယ် ဦးစီးမှူးတို့က Video Conferencing စနစ် ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment