Friday, May 6, 2022

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ထားဝယ်တက္ကသိုလ်တွင် အသစ်ခန့်အပ်ထားသော “နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမများ၏ ကြိုဆိုပွဲအခမ်းအနား”သို့တက်ရောက်







ထားဝယ်   မေ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၊ ဘာသာရပ်အသီးသီးတွင် အသစ်ခန့်အပ် ထားသောနည်းပြ/ သရုပ်ပြ ဆရာ၊ ဆရာမများ၏ ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်တက္ကသိုလ်(ပင်မဆောင်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက အဖွင့်မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်အစိုးရက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင်လည်း အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်မှုတွင်အခြေခံကျသော အခန်းကဏ္ဍမှာပါဝင်သည့် အတွက်ပညာရေးကဏ္ဍအတွက် အခြေခံ လိုအပ်ချက်ဖြစ်သော ဆရာ၊ ဆရာမများ တိုးချဲ့ဖြည့်စွက်ခန့်ထားနိုင်ရန် သက်ဆိုင် ရာ တက္ကသိုလ်များ အလိုက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထားဝယ်တက္ကသိုလ် ဘာသာရပ်အသီးသီးအတွက် သစ်လွင်ဆရာ၊ ဆရာမ ၄၆ ဦးခန့်ထားနိုင်ခဲ့ကြောင်း သိရသောကြောင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် များစွာ ကျေးဇူးတင် ဝမ်းမြောက်ရပါကြောင်း၊ သစ်လွင်ဆရာ၊ ဆရာမများအရည်အသွေးပြည့် မီရန် အတွက် ကြိုဆိုနှုတ်ဆက်ပွဲနှင်အတူတစ်ဆက်တည်း မွမ်းမံသင်တန်းလည်းဖွင့်လှစ်ပေးသွားမှာဖြစ်ပါ ကြောင်း၊ သင်တန်းတွင် အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများ ပေါ်ထွက်လာပြီးအနာဂတ်တွင် လူစွမ်းအား အရင်းအမြစ်ကောင်းများပေါ်ထွက်လာနိုင်မှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အားစည်းကမ်းကောင်းသူ၊ ကြိုးစားသူ၊ ရိုးသားသူများ ဖြစ်အောင် စာရိတ္တပိုင်းဆိုင်ရာ မြှင့်တင်ပေးရန် လိုအပ်ပါကြောင်းဒေသလိုအပ်ချက်၊ လုပ်သား ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော အရည်အသွေး ရှိပြီးယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဘွဲ့ရလူငယ် မောင်မယ်များဖြစ်အောင် သင်ကြားလေ့ကျင့်ပေးရန်လိုအပ် ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများက သစ်လွင်ဆရာ၊ ဆရာမများအား လိုက်လံ၍ ရင်းရင်း နှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)       

No comments:

Post a Comment