ဗီယက်နမ် မေ ၂၁
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိသည်။
ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ
Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ Male Single Weapon practice four
element staff form (တုတ်ရှည်အပြ)ပွဲစဉ်၌ မောင်တင်ထူးဇော်က ငွေတံဆိပ်ဆုကိုလည်းကောင်း၊
Male Couple Weapon practice pair machete form (နှစ်ယောက်တွဲအပြ) ပွဲစဉ်၌ မောင်ရာဇာထွန်းနှင့်
မောင်တင်ထူးဇော်တို့က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ (-55)ကီလိုတန်း(အတိုက်)ပွဲစဉ်၌ မောင်ကျော်ကိုကိုက
ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ သေနတ်ပစ်အားကစားနည်းမှ (10)မီတာ Air Pistol Mixed Team
ပွဲစဉ်၌ မောင်ရဲထွန်းနောင်နှင့် မချစ်စိုးနွယ်တို့က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ
အမျိုးသား (လေးယောက်တွဲ)ပွဲစဉ်၌ အမျိုးသားအသင်းက အကြေးတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး
(လေးယောက်တွဲ)ပွဲစဉ်၌ အမျိူးသမီးအသင်း ကကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ဂျူဒိုအားကစားနည်းမှ
(-45) ကီလိုတန်းပွဲစဉ်၌ မစဲလ်ဝှီးက ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ကနူး/ကယက်လှေလှော် အားကစားနည်းမှ
အမျိုးသမီး မီတာ(၂၀၀) ကနူး တစ်ဦးချင်းပွဲစဉ်၌ မသက်ဖြိုးနိုင်က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊
အမျိုးသမီး မီတာ(၂၀၀) ကနူး လေးယောက်လှော်ပွဲစဉ်၌ မသက်ဖြိုးနိုင်၊ မစုဝေဖြိုး၊ မမြင့်မြင့်စိုး
နှင့် မမိုးမမတို့က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ
Men Snooker Single ပွဲစဉ်၌ မောင်အောင်ဖြိုးက ကြေးတံဆိပ်ဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင်
ဟနွိုင်းမြို့ရှိ Hoang Mai Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲမှ
မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ မ္ပိုင်းတွင် Hoai
Duc Gymnasium အားကစားရုံ၌ကျင်းပလျက်ရှိသည့် ဂျူဒိုအားကစားပြိုင်ပွဲမှ မြန်မားအားကစားသမားများ၏
ယှဉ်ပြိုင်နေမှုများကိုလည်းကောင်း၊ Hanoi National Sport Training Centre အားကစားရုံ၌
ကျင်းပလျက်ရှိသည့် သေနတ်ပစ်အားကစားပြိုင်ပွဲမှ ဆုရရှိခဲ့သည့် အားကစားသမားများကို ဆုများပေးအပ်ချီးမြှင့်သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Ha Long
City ရှိ Cam Pha Stadium ၌ ကျင်းပလျက်ရှိသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယလုပွဲ
မြန်မာအသင်းယှဉ်ပြိုင်ကစားနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။
ယနေ့ပြိုင်ပွဲစဉ်များအဖြစ် သေနတ်ပစ်၊
စစ်တုရင်၊ ဘိလိယက်၊ ကနူးလှေလှော်၊ ပိုက်ကျော်ခြင်း၊ Esports၊ အမျိုးသမီးဘောလုံး၊ ဂျူဒို၊
အလေးမ၊ ဗိုဗီနမ်၊ လက်ဝှေ့အားကစားပြိုင်ပွဲများကို မြန်မာအားကစားအဖွဲ့များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး
မေ - ၂၂ ရက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သေနတ်ပစ်၊ အလေးမ၊ ဂျူဒို၊ ဗိုဗီနမ်၊ လက်ဝှေ့
အားကစားနည်းများကို ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်သည်။
(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်
မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် (၈)ခု၊ ငွေတံဆိပ်(၁၇)ခုနှင့် ကြေးတံဆိပ် (၃၄)ခုတို့
ဆွတ်ခူးရရှိထားပြီး စုစုပေါင်းဆုတံဆိပ် (၅၉)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(၇)တွင်
ရပ်တည်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment