နေပြည်တော် မေ ၁၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၀၅၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သိမ်းဆည်းရမိ
ထို့ပြင် မေ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး
အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က
စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်းများအတွင်း
တရားမဝင်သစ်မျိုးစုံ ၆ ဒသမ ၁၀၉၆တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၈၉၄၀၆)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကန့်ဘလူမြို့နယ်အတွင်း
တရားမဝင် ဒီဇယ်ဆီ (ချက်ဆီသန့်) ၁၅၉၇၅ ဂါလန်
(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၇၈၀၀၀၀၀)နှင့်
အဆိုပါဒီဇယ်ဆီများ တင်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၀၀၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ
ဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က မုံရွာမြို့နယ်အတွင်း
လိုင်စင်မဲ့ Canter အမျိုးအစား ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀၀)ကို ပို့ကုန် သွင်းကုန်
ဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇၃၈၀၀၀၀၀)
ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၁၃ ရက်နှင့် ၁၇ ရက်တို့တွင် သိမ်းဆည်းရမိမှု
စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇၉၅၉၄၄၀၆)
ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
No comments:
Post a Comment