Wednesday, May 18, 2022

ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ပေါက်စ ဗိုလ်စွဲ

 


ရန်ကုန် မေ ၁၇

ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို မေ ၁၇ ရက် နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ၌ ကျင်းပရာ မြန်မာဘိလိယက်ကစားသမား ပေါက်စ ဗိုလ်စွဲခဲ့သည်။

ရွှေတံဆိပ်ဆုရယူနိုင်ခဲ့

ပေါက်စသည် ဗိုလ်လုပွဲတွင် ဘိလိယက် တစ်ဦးချင်း ခြောက်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆုရှင် စင်ကာပူနိုင်ငံသား ပီတာဂေးလ်ခရစ်နှင့် တွေ့ဆုံခဲ့ပြီး ၃-၁ ပွဲဖြင့် အနိုင်ရကာ ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပေါက်စသည် ယခုပြိုင်ပွဲတွင် ပြိုင်ဘက်ကောင်းများကို ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုဒုတိယနေရာဖြင့်သာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သဖြင့် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်အသင်းနှင့် တွေ့ဆုံခြင်းဖြစ်ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ရန် ပိုမိုအားထုတ်ရဖွယ် ရှိနေသည်။

ဗီယက်နမ်အသင်းသည် အိမ်ရှင်ဖြစ်သည့်အပြင် လက်ရှိချန်ပီယံအသင်းလည်း ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် ဗိုလ်လုပွဲတစ်ကျော့ပြန် တက်ရောက်နိုင်ရန် အားကုန်ထုတ်ရဖွယ်ရှိနေပြီး တစ်သင်းလုံး ပုံစံကောင်းပြသနိုင်ရန် လိုအပ်သည့်အပြင် တိုက်စစ်ပိုင်းကလည်း ရရှိသည့် ဂိုးသွင်းခွင့်များ အသုံးချနိုင်ရန် လိုအပ်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများတွင် လာအိုနှင့် စင်ကာပူကိုနိုင်ပြီး ထိုင်းအသင်းနှင့် သရေကျခဲ့ပြီး နောက်ဆုံးပွဲဖြစ်သည့် စင်ကာပူနှင့်ပွဲတွင် နိုင်ပွဲရသော်လည်း လိုအပ်ချက်များ၊ အားနည်းချက်များ ရှိနေသဖြင့် ဗီယက်နမ်နှင့် ဆီမီးဖိုင်နယ်ပွဲမတိုင်မီ ပြင်ဆင်ထားရန် လိုအပ်နေသည်။ သို့သော် အဓိကတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းမှာ အုပ်စုသုံးပွဲစလုံး ဂိုးသွင်းထားနိုင်ရာ မြန်မာအသင်းအတွက် ကျေနပ်စရာဖြစ်ပြီး အရေးပါသည့် ဂိုးများ ထပ်မံသွင်းယူနိုင်ရန် လိုအပ်နေသည်။

မြန်မာအသင်းသည် အရှေ့တောင်အာရှ ထိပ်သီးအသင်းများနှင့် ယခုနှစ်အတွင်း တွေ့ဆုံမှုများတွင် သရေကစားထားနိုင်ပြီး အာရှဖလား အမျိုးသမီးပြိုင်ပွဲ အုပ်စုအဆင့်တွင် ဗီယက်နမ်နှင့် နှစ်ဂိုးစီသရေကျခဲ့သလို ယခုဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဆင့်တွင် ထိုင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည်။

သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MFF

No comments:

Post a Comment