Friday, May 20, 2022

အာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ်တွင် မြန်မာနိုင်ငံမှထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရွန်နစ်အထောက်အထားမှတ်တမ်းအား တရားဝင်အသိအမှတ်ပြုထားပြီး

 




နေပြည်တော် မေ ၁၉

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း၊ စီမံခန့်ခွဲမှုလုပ်ငန်း ဆောင်ရွက်ရာ၌ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနှင့် ကာကွယ်ဆေးဖြန့်ဝေသုံးစွဲမှုများကို ဆန်းစစ်ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းများ ထုတ်ပေးခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာတွင် အီလက်ထရွန်နစ် သတင်းအချက်အလက်စနစ်ဖြစ်သည့် Vaccination Management Information System-VMIS စနစ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှီးနွှယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းကူညီမှုဖြင့် အသုံးပြုဆောင်ရွက်လျက်ရှိသည်။



ပြည်ပနိုင်ငံများသို့ ခရီးသွားမည့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အထောက် အထား (COVID-19 Vaccination Electronic Certifi-cate) ထုတ်ပေးခြင်းကို ၂၀၂၂ခုနှစ် ဧပြီ ၇ ရက်မှစတင်၍ အွန်လိုင်းစနစ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာဖြစ်သည့် https://c19vc.moh.gov.mm မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာနိုင်ငံမှထုတ်ပေးသော ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အီလက်ထရွန်နစ် အထောက်အထားမှတ်တမ်း (COVID-19 Vaccina-tion Electronic Certificate) တွင်ပါရှိသည့် QR Code အား မည်သည့် Mobile Phone (သို့မဟုတ်) Tablet ဖြင့် မဆို Scan ဖတ်၍ အချက်အလက်များ ရယူနိုင်သည့်အတွက် အဆိုပါကာကွယ်ဆေးထိုးမှတ်တမ်းကို ကိုင်ဆောင်ထားပါက ကာကွယ် ဆေးထိုးနှံပြီးစီးမှုနှင့်ပတ်သက်၍ အလွယ်တကူတိုက်ဆိုင်စိစစ်နိုင် သည့်အပြင် မည်သည့်နေ့ရက်များတွင် မည်သည့်ကာကွယ်ဆေး အမျိုးအစားထိုးနှံထားကြောင်းကို အတည်ပြုချက် ရယူနိုင်သည်။

ထို့ပြင် အာဆီယံနိုင်ငံများ အချင်းချင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန် အသိအမှတ်ပြုနိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာဖြစ်သည့် https://c19vc.moh.gov.mm မှ တစ်ဆင့် ထုတ်ပေးသည့် COVID-19 Vacci-nation Electronic Certificate အား အာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်း များ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ် (ASEAN Single QR Code Verification Portal) တွင် တရားဝင် အသိအမှတ်ပြုနိုင်ရေးနှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ် မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး (15th ASEAN HEALTH MINISTERS MEETING) တွင် အတည်ပြုပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ မေ၁၅ ရက်မှ စတင်ကာ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ခရီးသွားမည့်သူများအတွက် အထက်ဖော်ပြပါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရွန်နစ် အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certifi-cate) အား ASEAN Covid-19 Vaccine Certificate Single Verification Portal ဖြစ်သော https://asean. healthverify.org မှတစ်ဆင့် စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment