Friday, May 20, 2022

ဒုတိယဝန်ကြီး ဦးရဲတင့် ကော့သောင်းမြို့ရှိ ပြန်ကြားရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး

 


နေပြည်တော် မေ ၁၉

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံကာ လုံခြုံရေးဂရုစိုက်ရန်၊ ထုတ်လွှင့်မှုမပြတ်တောက်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ပြည်သူ့စာကြည့်တိုက်ကို သွားရောက်စစ်ဆေးကာ စာဖတ်သူ၊ စာငှားသူ တိုးတက်လာစေရေးနှင့် ပြည်သူ့ဆက်ဆံရေး အသိ ပညာပေးလုပ်ငန်းများ တိုးတက်မှုရှိအောင် ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ခရိုင်ရုံးတွင် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဘုတ်ပြင်းမြို့နယ် ခမောက်ကြီးမြို့၊ ပြည်ကြီးမဏ္ဍိုင်မြို့နှင့် ကရသူရိမြို့တို့မှ ဦးစီးမှူးများ၊ ထပ်ဆင့်လွှင့်စက်ရုံ စက်ရုံမှူးတို့အား တွေ့ဆုံ၍ လူငယ်လူရွယ်များအား အသိပညာပေးရေးနှင့် ကျောင်းနေအရွယ် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ပြည်သူများအကျိုးရှိ၍ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးရန်နှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

သတင်းစဉ်

No comments:

Post a Comment