Thursday, May 5, 2022

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး



ညောင်တုန်း  မေ ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁၂နာရီခွဲ အချိန်ခန့်က ညောင်တုန်းမြို့ အမှတ်(၄) ရပ်ကွက်၊ လမ်းမတော်လမ်းရှိ ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ယခင်ဆောက်လုပ် ထားသည့် ဆောက်လက်စ (၃)ထပ်ဆောင်ဆေးရုံ အဆောက်အဦအား ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောက်လုပ်ရန်အတွက် ဘဏ္ဍာငွေရရှိရေး လမ်းညွှန်မှာကြား၍ ယခင်ပန်းလှိုင် မြစ်ရေ တိုက်စားမှုကြောင့် ညောင်တုန်မြို့၊ (၁၆)လမ်းကမ်းနား ကမ်းပတ်တာ မြေသား နိမ့်ကျသည့် နေရာသို့ ရောက်ရှိကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပြီး အမှတ်(၇) ရပ်ကွက်၊ ရွှေဟင်္သာတောရကျောင်းလမ်း၊ မြို့နယ်သစ်တောဦးစီးဌာနရှိ မြို့မပျိုးဥယျာဉ်၌ နှစ်ရှည်ပင်များ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တဇင်ရေကျော်ကျေးရွာအုပ်စု၊ ကဇန်းကျေးရွာသို့ ရောက်ရှိကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သည့် တောင်သူဦးသန်းဌေး၏ လယ်(၆)ဧကအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် မျိုးစေ့ကျဲပတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိတိုးလာခြင်း၊ သွင်းအားစုဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံ အရည်အသွေး တိုးတက်ကောင်းမွန်လာခြင်း စသည့် အကျိုးကျေးဇူးများကို ပြောကြားကာ တောင်သူ(၂၄)ဦးအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)

No comments:

Post a Comment