မော်လမြိုင် မေ ၃
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက် ပိုင်းက ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး၊ မော်လမြိုင်မြို့ တောင်ရိုးတန်း လမ်းတစ်လျှောက် မဟာမြတ်မုနိဘုရားကြီးမှ ဆံတော်ရှင်ဦးဇိန စေတီတော် အထိ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရှုခင်းသာ (View Point) ဝန်းကျင်ရှိ သစ်ပင် ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူ ရှင်းလင်းခြင်း၊ လျှပ်စစ် ဓာတ်အား လိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများကို ကရိန်းကားကြီးများဖြင့် ခုတ် ထွင် ရှင်းလင်းခြင်း တို့ကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ရိုးတန်းလမ်းရှိ မော်လမြိုင်မြို့ စေတနာ နာရေး ကူညီမှုအသင်းမှ ဖွင့်လှစ်ထားသည့် စေတနာကုသိုလ်ဖြစ် အခမဲ့ ဆေးကုခန်းတွင် ဆရာ ဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ခရိုင်၊ ပြန်/ဆက်)
No comments:
Post a Comment