ချမ်းအေးသာစံ မေ ၃
၂၀၂၂ ခုနှစ် မေလ ၂ ရက် နေ့ နေ့လည် ၁၂နာရီချိန်၌ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊
၂၈ လမ်းနှင့် ၆၈ လမ်းထောင့်ရှိ အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်းတွင် ၁၃၈၄(၂၀၂၂) ခုနှစ်
အစိုးရ ဓမ္မာစရိယ စာမေးပွဲ စာဖြေဌာနသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်
ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများရောက်ရှိပြီး စာဖြေ သံဃာ တော်များနှင့် သီလရှင်ဆရာလေးများအား ဖူးမျှော်ကြည်ညို၍ လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။
ယင်း
စာမေးပွဲတွင် အသုံးပြုရန်အတွက် ဝန်ကြီးချုပ်မိသားစုမှ လှူဒါန်းသည့် အလှူငွေများအား
အထူးကြီးကြပ်ဆရာတော်များထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ
စာဖြေဌာနတွင် ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ(ဒုတိယနေ့) ဘာသာရပ်အား ဖြေဆိုခဲ့ပြီး စာရင်းရှိ
ရဟန်း ၄၇၈ ပါး၊ သီလရှင် ၁၁၄ ပါး၊ ပေါင်း ၅၉၂ ပါး၊ ဖြေဆို ရဟန်း ၃၆၃ ပါး၊ သီလရှင် ၈၀
ပါး၊ ပေါင်း ၄၄၃ ပါး၊ ပျက်ကွက် ရဟန်း ၁၁၅ ပါး၊
သီလရှင် ၃၄ ပါး၊ ပေါင်း ၁၄၉ ပါး၊ ဖြေဆို ရာခိုင်နှုန်း ၇၄.၈၃ ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်
No comments:
Post a Comment