Thursday, May 19, 2022

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသတည်ငြိမ် အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်ရေး ညှိနိုင်းအစည်းအဝေး တက်ရောက်

 

မုံရွာ မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင် ရွက်နေသည့် လုပ်ငန်းများအောင်မြင်ရေး ညှိနိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

 

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ခရိုင်နှင့်မြို့နယ်အလိုက် လုပ်ဆောင်ရမည့် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး စီမံအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးကို အောင်မြင်အောင် အကောင်အထည်ဖော်ကြရန် လိုအပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှသာ တရားဥပဒေစိုးမိုးကာ အခြားလုပ်ငန်းများကိုလည်း ဆောင်ရွက် နိုင်မည်ဖြစ်၍ လုံခြုံမှုရှိရန် အရေးကြီးပါကြောင်း၊ ထိုကြောင့်တာဝန်ရှိသူများ ပေါင်းစပ် ညှိနိုင်းကာ ဒေသလုံခြုံတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ရှိသူ များနှင့်အတူ ဖြည့်ဆည်းပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု၊ နိုင် ၄ ဖြည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်း သက်မှတ်ကာလတွင် ရာနှုန်းပြည့်ပြီးစီးအောင် အလေးထားဆောင်ရွက်ကြရန်လိုအပ် ပါကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူအားလုံးက မိမိတို့ရဲ့ လုပ်ငန်းတာဝန်များကို အကောင်းဆုံး ကျေပွန်အောင် ထမ်းဆောင်ပေးကြရန် လိုအပ်ပါကြောင်း၊ မြို့ရွာများနှင့် ဆက်သွယ်မှု လမ်းကြောင်းများ အမြဲလုံခြုံစွာဖြင့် သွားလာနိုင်ရန် လုံခြုံရေးတာဝန်ရှိသူများမှ စေတနာထားကာ လုံခြုံရေး အသိ၊ သတိတို့ဖြင့် တာဝန်ယူဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်း ခရိုင်၊ ရွှေဘိုခရိုင်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မိမိတို့ခရိုင်များအတွင်းရှိ  ခရိုင်/ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှု၊ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီးရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်တင်းစိုးနှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ဝင်းနိုင်တို့က တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က ပန်းခင်းစီမံချက်၊ နိုင် ၄ ဖြည့်သွင်းခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလိူင်ဦးက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင် ရေးတို့နှင့် ပတ်သက်၍ အသီးသီးဖြည့်စွက်အကြုံပြု ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်

ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ အခွန်အခကောက်ခံရရှိမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ဒေသ တည်ငြိမ်အေးချမ်းရေး၊ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                

တိုင်းဒေသကြီး၊ ပြန်/ဆက်

 

No comments:

Post a Comment