ဘားအံ
မေ ၁၅
ဒေသတွင်း ဓါတ်မြေဩဇာများအသုံးပြုခြင်းကိုလျော့ချ၍ သဘာဝဇီဝမြေဩဇာများကို တွင်တွင် ကျယ်ကျယ် အစားထိုးထုတ်လုပ်အသုံးပြုလာစေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဘားအံ မြို့နယ်၊ဝဲကရင်ကျေးရွာရှိ ဩဇာမင်းသဘာဝဇီဝမြေဩဇာ စက်ရုံသို့ သွားရောက်ကြည့်ရှု အားပေး ခဲ့ကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ဩဇာမင်းသဘာဝဇီဝမြေဩဇာစက်ရုံ၏ ရှယ်ယာ လုပ်ငန်းရှင်များက သဘာဝဇီဝမြေဩဇာထုတ်လုပ်ရာတွင် ပါဝင်ပစ္စည်းများရောနှောအသုံးပြုမှု၊ ပါဝင်အာဟာရနှုန်းထားများ၊ထုတ်လုပ်မှုအဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သွင်းကုန်အစားထိုး ပြည်တွင်း ဖြစ်သဘာဝဇီဝမြေဩဇာများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်၏ ရောင်းလိုအားနှင့်ဝယ်လိုအားပေါ်မူတည်၍ လုပ်ငန်းတိုးချဲ့လုပ်ကိုင် ဆောင်ရွက်နိုင်ရေးမှာကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:
Post a Comment