နေပြည်တော် မေ ၁၄
(၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး
(15th ASEAN HEALTH MINISTERS MEETING) ကို ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ရှိ
CONRAD HOTEL BARLI တွင် ကျင်းပရာ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့်
ကျန်းမာရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။



အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းက ကိုဗစ်-၁၉
ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အာဆီယံနိုင်ငံများအချင်းချင်း ချစ်ကြည်စည်းလုံးစွာဖြင့်
အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများမှ
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆေးနှင့် ဆေးပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ
လှူဒါန်းမှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများသာမက
ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ကပ်ရောဂါတုံ့ပြန်မှုများကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွား
မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား အရှေ့တောင်အာရှဒေသတွင် ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက်
လုပ်ငန်းစီမံကိန်းဖြစ်သည့် ASEAN Vaccine Security and Self Reliance (AVSSR) နှင့်
ကပ်ရောဂါ တုံ့ပြန်ရေးအတွက် ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးနိုင်ရေး test kits များ၊
personal protective equipment များ၊ လိုအပ်သောဆေးနှင့် ဆေးများဝယ်ယူနိုင်ရန်နှင့်
ကာကွယ်ဆေးနှင့် ဆေးဝါးများထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက်
ရည်ရွယ်သည့် COVID-19 ASEAN Response Fund တို့ကို ဒေသတွင်းနိုင်ငံများ ပူးပေါင်းလုပ်ဆောင်ခြင်းကို
မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်း၊ ကပ်ရောဂါအားတုံ့ပြန်ရာတွင် ကျွမ်းကျင်သည့်
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ အရေးပါသည့်အတွက် ၎င်းတို့ စွမ်းဆောင်ရည်မြှင့်တင်ရေး
သင်တန်းပေးခြင်းများ၊ လုံလောက်သော ထောက်ပံ့ခြင်းများတို့ကို အလေးထားလုပ်ဆောင်သင့်ပါကြောင်း၊
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုများကြောင့် အာဆီယံနိုင်ငံအသီးသီးတွင်လည်း နောက်ဆက်တွဲ
အကျိုး သက်ရောက်မှုများရှိသည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့်
နောင်လာမည့် ကပ်ရောဂါများအတွက် ကျန်းမာရေးစနစ်ခိုင်မာအောင် ပြင်ဆင်ထားရန်တို့မှာ အရေးကြီးပါကြောင်း၊
အထူးသဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုများ လစ်ဟင်းပြတ်တောက်မှုမရှိစေဘဲ စောင့်ရှောက်ကုသမှုများပေးနိုင်ရေး
ပြင်ဆင်ဆောင်ရွက်ရန်နှင့် ပြည်သူများ၏ အာဟာရဖွံ့ဖြိုးရေး၊ ကိုယ်လက်လှုပ်ရှားမှုများ၊
အားကစားဆောင်ရွက်မှုများ ပုံမှန်ပြုလုပ်ရေး အစရှိသည်တို့ပါ ဆောင်ရွက်စေခြင်းဖြင့် ရောဂါပိုးများကာကွယ်နိုင်စွမ်းနှင့်
ခုခံနိုင်စွမ်းများ တိုးမြှင့်နိုင်ရေးတို့ကိုလည်း ဉီးစားပေးဆောင်ရွက်သင့်ပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် နောင်ဖြစ်ပေါ်လာနိုင်မည့်
ကပ်ရောဂါများအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ ကျန်းမာရေးစနစ်ခိုင်မာစေရေးလုပ်ငန်းများကို
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနေ့နံနက်ပိုင်းတွင် CONRAD HOTEL BARLI ၌ 15th ASEAN
HEALTH MINISTERS MEETING RETREAT ကို ကျင်းပရာ အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့်အတူ
ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
အဆိုပါ အစည်းအဝေးများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေးထိုး မှတ်တမ်းများအား ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲအသုံးပြု၍ အဖွဲ့ဝင်နိုင်ငံများအကြား
အပြန်အလှန် အသိအမှတ်ပြုရေး၊ ASEAN Single Digital COVID-19 Health Certificates
Verification Portal အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ အရှေ့တောင်အာရှဒေသတွင် ပြည်သူ့ကျန်းမာရေး
အရေးပေါ်တုံပြန်ရေးဆိုင်ရာ ဗဟိုဌာနဖွင့်လှစ်နိုင်ရေး၊ ကိုဗစ်-၁၉ အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းခိုင်မာသော ကျန်းမာရေးစနစ်ထူထောင်နိုင်ရေး အစရှိသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားကြသည်။
ထို့နောက် (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးအတွက်
အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးခဲ့ကြသည့်အစည်းအဝေး (Preparatory Senior Officials
Meeting for the 15th ASEAN Health Ministers Meeting) အစီရင်ခံစာနှင့် အကြံပြုချက်များကို
အတည်ပြုခြင်း၊ (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေငြာစာတမ်းအား
အတည်ပြုထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ကြပြီး အဆိုပါ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ
ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ အနောက်ပစိဖိတ်
ဒေသဆိုင်ရာညွှန်ကြားရေးမှူး၊ အာဆီယံအတွင်းရေးမှုးချုပ်ရုံးမှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့်
တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေး ဉီးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ၊ လက်ထောက်
အတွင်းဝန် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment