နေပြည်တော် မေ ၁၀
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ပြည်သူ့ ကြားကပြည်သူ့စကား” အစီအစဉ်မှ “လူငယ်များရဲ့ ပညာသင်ကြားရေးကို ခြိမ်းခြောက်နေသော အနာဂတ်ကိုအညွန့် ချိုးနေတဲ့နိုင်ငံရေး အစွန်းရောက်အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့်မေ၁၁ ရက်မွန်းလွဲ ၁ နာရီတွင်ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
အလားတူလာမည့်အပတ်ဗုဒ္ဓဟူးနေ့ မွန်းလွဲ
၁ နာရီတွင် “မိုးညှင်းမြို့နယ်၊ နန်းမား ကျေးရွာ အုပ်စု၊ နန့်စလော်ကျေးရွာရှိ ဒက္ခိဏ
ဝန်မန်(တောင်ကျောင်း)ဘုန်းတော်ကြီး ကျောင်းတိုက်အား အကြမ်းဖက်အဖွဲ့များက ဒရုန်းယာဉ်ဖြင့်
ပစ်ချဖောက်ခွဲခဲ့သည့်ဖြစ်စဉ်” နှင့် ပတ်သက်သည့် ခေါင်းစဉ်ဖြင့်
ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့နံနက်
၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့်
ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့်
ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment