Friday, May 20, 2022

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်

နေပြည်တော် မေ ၂၀

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ၌ နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စုပေါင်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ငွေ များကို အဖွဲ့ဝင် ဦးစစ်အေးနှင့် အဖွဲ့ဝင် ဒေါ်ခင်မျိုးမြင့်တို့ကလည်းကောင်း၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံး စာရေးကိရိယာများကို အဖွဲ့ဝင် ဦးရဲနိုင်နှင့် အဖွဲ့ဝင် သူရဦးဘိုနီတို့ကလည်းကောင်း ချီးမြှင့်ထောက်ပံ့ပေးအပ် သည်။ ယင်းနောက် ပြည်ထောင် စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး ဒေါ်ခင်ဝင်းရီတို့က တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို လိုက်လံနှုတ်ဆက်သည်။

အဆိုပါ အခမ်းအနားတွင် အခြေခံပညာအဆင့် (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းသား၊ ကျောင်းသူ (၁၀၄) ဦးတို့ကို ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံး စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment