Friday, May 6, 2022

ရှမ်းပြည်နယ် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲကျင်းပ

 


တောင်ကြီး မေ ၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ ယနေ့နံနက် (၉) နာရီက ရှမ်းပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲကျင်းပကြောင်း သိရသည်။

 




ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အဓိကရည်မှန်းချက် အနေဖြင့် ပြည်နယ်တွင်းနေထိုင်ကြသည့်ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက် ရေး၊ ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်နယ်တွင်းဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုး တက်ရေးတို့ကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနား တက်ရောက် လာသူများအနေဖြင့် ရှမ်းပြည်နယ် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် သွားစေလိုကြောင်း၊ ရှမ်းပြည်နယ်အစိုးရအနေဖြင့်လည်း ဆောင်ရွက်ပေးရန်ရှိသည့် လုပ်ငန်းကဏ္ဍများရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများတွင်လည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းမှ အသင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ညီနောင်အသင်းများနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ အပြန်အလှန်မိတ်ဆက်ကြသည်။

ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ အသင်းဝင် ညီနောင်အသင်းများနှင့် မိတ်ဘက်အသင်းများက လက်ရှိအခြေအနေများကို ဆွေးနွေးတင်ပြကြရာ သစ်သီးဝလံ ပန်းမန်အသင်း၊ ဆန်နှင့်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ လိုင်စင်ရကန်ထရိုက်တာများအသင်း၊ စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင်များအသင်း၊ ပြောင်းလုပ်ငန်းအသင်း၊ အေးသာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့(ရှမ်းပြည်နယ်)၊ ရှမ်းပြည်နယ် (တောင်ပိုင်း) သတ္တုလုပ်ငန်းရှင်များ အသင်းတို့မှ ဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်း ဆွေးနွေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment