Wednesday, April 20, 2022

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲဖြစ်သူ H.E.Dr.KUNG Phoak ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 


 နေပြည်တော် ဧပြီ ၂၀

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်သည် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီး အကဲဖြစ်သူ H.E.Dr.KUNG Phoak ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ လက်ခံတွေ့ ဆုံသည်။

တွေ့ဆုံစဉ် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်ဆောင် ရွက်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်တွေ့ဆုံ ဆွေးနွေးမှုအခြေအနေ၊ လူသားချင်းစာနာ ထောက် ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ် များအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင် ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီး အကဲဖြစ်သူ H.E.Dr.KUNG Phoak က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူ အညီပေးရေး ဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပေါ် ပံ့ပိုးဆောင် ရွက်ပေးနိုင်ရေး ကိစ္စ၊ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေကို ဖြေရှင်းနိုင်ရန် စေ့စပ်ညှိနှိုင်း ရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။

ထို့နောက် နှစ်ဖက်သိရှိလိုသည်များကို အပြန်အလှန် ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေး ညှိနှိုင်းခဲ့ကြ ကြောင်း သိရသည်။

(သတင်းစဉ်)  

No comments:

Post a Comment