Wednesday, April 20, 2022

မလေးရှားနိုင်ငံမှမြန်မာနိုင်ငံသို့လှူဒါန်းသည့် Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၅)သိန်း Doses ရောက်ရှိ

  နေပြည်တော်  ဧပြီ  ၂၀

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသော Astrazeneca အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၅)သိန်း doses သည် ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်မှ မလေးရှားလေ ကြောင်းလိုင်း ကုန်တင်ယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။

မလေးရှားနိုင်ငံမှ လှူဒါန်းသည့် Astrazeneca ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား Malaysia-Myanmar Business Clamber(MMBC) ဥက္ကဌ Ms. Loi Jin Choo ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ Counsellor, Mr. Muhammad Syukri Bin Azmi နှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ‌ဒေါက်တာထွန်းမင်းနှင့် တာ၀န် ရှိသူများထံ လွှဲပြောင်းပေးအပ်သည်။

အဆိုပါ ကာကွယ်ဆေးများကို မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ် ဆေးသိုလှောင်ခန်းတွင် အအေးလမ်းကြောင်းမပြတ် သိုလှောင်ထားရှိမည်ဖြစ်သည်။

ယနေ့ရောက်ရှိလာသည့် Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို  နေပြည်တော် ကောင်စီ နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော်(လေ)နှင့်မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှ လည်းကောင်း အအေးလမ်း ကြောင်းမပြတ် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်းနှင့် ဦးတည်အုပ်စု အလိုက် ပြည်သူ့ဆေးရုံများနှင့် ကာကွယ်ဆေး ထိုးစုရပ်များတွင် ထိုးနှံပေးသွား မည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ယနေ့အထိ ကာကွယ် ဆေးတစ်ကြိမ်နှင့် အထက် ထိုးနှံပြီးသူဦးရေ (၂၈ ဒသမ ၉၇) သန်းကျော်ရှိပြီဖြစ်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုအနေဖြင့် (၁ ဒသမ ၂)သန်း doses ထိုးနှံပြီးဖြစ်ရာ စုစုပေါင်းကာကွယ်ဆေး doses ပေါင်း (၅၂ ဒသမ ၆၅) သန်းကျော် ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment