(၁၁-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
COVID-19 သံသယလူနာများ၊
ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား
COVID-19 ရောဂါ ရှိ၊ မရှိ
ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၀-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၄-၂၀၂၂) ရက်နေ့၊
ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၁၄၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၂) ဦး တွေ့ရှိရပါသည်။
ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု
ရာခိုင်နှုန်းမှာ (၀.၄၆) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း(၇,၇၉၁,၁၈၂) ခုအားစစ်ဆေးခဲ့ပြီး
COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ
စုစုပေါင်း (၆၁၂,၃၈၃) ဦး ရှိပြီ
ဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့်
ဆေးရုံများတွင် သီးခြား ထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ
(၈၄) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၀,၉၇၃) ဦး
ရှိပြီဖြစ်ပါသည်။
ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့်
ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၃၄) ဦး ရှိပါသည်။
·
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို
ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိ၍ ရောဂါဖြစ်ပွား/သေဆုံးမှုများအား
မျက်ခြေမပြတ်စောင့်ကြည့်လျက်ရှိရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့်
သေဆုံးမှုများ ကို လေ့လာသုံးသပ်ကြည့်ရာတွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့်
ရောဂါ ကြောင့်
သေဆုံးရမှုကို ၇ ဆ ခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။
·
နိုင်ငံတကာခရီးသွားကဏ္ဍတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး
အကြိမ်ပြည့် ထိုးနှံမှုခံယူ ထားသူများအား
ကမ္ဘာ့နိုင်ငံအများစုမှ ကွာရန်တင်းဝင်ရောက်ရမှုမှ ဖြေလျော့ပေးခြင်း အပါအဝင် ကိုဗစ်-၁၉
ရောဂါနှင့်ပတ်သက်၍ ဖြေလျော့ပေးခြင်းများစွာ ဆောင်ရွက်လျက်ရှိပါသည်။
·
ကျန်းမာရေးဝန်ကြီးဌာနသည်ကျေးလက်ဒေသနှင့်ဝေးလံခက်ခဲဒေသများတွင်နေထိုင်သူများအပါ
အဝင် မည်သူတစ်ဦးတစ်ယောက်မှမကျန်ရစေဘဲ အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများ၊ အသက်
၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ကျောင်းသားများစသည့် ဦးတည် အုပ်စုအားလုံးကို
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပါ၍ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် သွားရောက်ဆက်သွယ်၍ အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံမှုကို
မပျက်မကွက်ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
·
COVID-19
ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်
အင်တာနက်စာမျက်နှာ
www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
No comments:
Post a Comment