မုံရွာ ဧပြီ ၂၄
မုံရွာ-ရေဦး ကားလမ်းဘေးရှိ BOC စက်သုံးဆီအရောင်းဆိုင်သို့ ယမန့်နေ ညနေပိုင်းတွင် အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဆိုင်ရှိ ငွေနှင့်ပစ္စည်းများအား လုယက်ပြီး ဆိုင်ရှိပစ္စည်းများကို ရိုက်ချိုး ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါ စက်သုံးဆီအရောင်းဆိုင်သို့ ယမန့်နေ့ ညနေ ၅ နာရီခန့်တွင်
Mask များ ဝတ်ဆင်၍ လက်လုပ်သေနတ်များ ကိုင်ဆောင်ထားသော အကြမ်းဖက်သမား ၁၀ ဦးခန့်သည် ဆိုင်ကယ်များဖြင့်
မုံရွာ-ရေဦး ကားလမ်းအတိုင်း ရောက်ရှိလာပြီး စက်သုံးဆီ အရောင်းဆိုင်ရှိ ဝန်ထမ်းများအား
ခြိမ်းခြောက်၍ ဆိုင်မန်နေဂျာအား ဓားဖြင့်ထောက်ကာ စက်သုံးဆီရောင်းရငွေ ကျပ် ၁၀ သိန်းနှင့်
လက်ကိုင်ဖုန်း ၃ လုံးတို့အား လုယူခဲ့သည့်အပြင် ဆိုင်ရှိပစ္စည်းများအား ရိုက်ချိုးဖျက်ဆီး၍
ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။



No comments:
Post a Comment