စစ်တွေ
ဧပြီ ၂၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်ဥပဒေချုပ် ဦးလှ သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် သံတွဲခရိုင် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့ဝင်များသည်
ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် တောင်ကုတ်မြို့နယ် ပန်းတင်ကျွန်းရှိ ငမောက်ချောင်းကျေးရွာအုပ်စု၊
ငမောက်ချောင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း နှင့် မကျည်းတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင်
ကျောင်းခြံစည်းရိုး၊ အုတ်တံတိုင်းကာရံပြီးစီး နေမှု အခြေအနေများနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး
အခြေအနေများ၊ ကျေးရွာအုပ်စုရှိ မုန်တိုင်းဒဏ်ခံ ဘက်စုံသုံးအဆောက်အအုံအား ထိန်းသိမ်းစောင့်ရှောက်ထားမှုအခြေအနေများ၊
မုန်တိုင်းဒဏ်ခံအဆောက်အအုံ သစ် ဆောက်လုပ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ
တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။ ဆက်လက်၍ ခမောက်ချောင်းကျေးရွာ တိုက်နယ်ဆေးရုံသို့သွားရောက်ပြီးကျန်းမာရေး
ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဆေးရုံအတွက် လိုအပ်ချက်များကို
တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
တောင်ကုတ်မြို့နယ်၊ တဲမောက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာအားလည်းကောင်း၊
ကမ်းဒေး ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအဝင် ကွန်ကရစ်လမ်းခင်းခြင်းနှင့်
ကျောင်းခြံစည်းရိုး အုတ်တံတိုင်းကာရံ ပြီးစီးမှုတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးကြရာ
မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက်အဖွဲ့ဝင်များသည်
တောင်ကုတ်ပင်မဓာတ်အားခွဲရုံ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံသို့ရောက်ရှိရာ
ဓာတ်အားခွဲရုံမှူး ဦးမျိုးသန့်ဦးက ၂၃၀ ကေဗွီတောင်ကုတ်ပင်မ ဓာတ်အားခွဲ ရုံမှ ပြည်သူများအတွက်
ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး၊ ဗို့အားပြည့်ပြည့်ဝဝအသုံးပြုနိုင်ရေး၊ ဓာတ်အား လွှတ်ပစ္စည်းများ
ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် အင်ဂျင်နီယာများနှင့် ဝန်ထမ်းများက ကြိုးပမ်း ဆောင်ရွက်နေမှုများကို
ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့သည် ဓာတ်အားခွဲရုံအတွင်း
လှည့်လည်ကြည့်ရှုကြရာ ဓာတ်အားခွဲရုံမှူးနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ်၊ ဇီးကျွန်းကျေးရွာအဝင်တံတားအား ကြည့်ရှု စစ်ဆေးပြီး
တံတားကြံ့ခိုင်ကောင်းမွန်ရေးအတွက် ဆောင်ရွက်မည့်အခြေအနေများ၊ ရွှေလှေကျေးရွာမှ ဇီးကျွန်း
ကျေးရွာအထိ ကျေးရွာချင်းဆက်လမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများ၊ ကျေးရွာတွင်း လမ်းကောင်းမွန်ရေးအတွက်ဆောင်ရွက်မည့် အခြေအနေများနှင့်
ဇီးကျွန်းကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းအား ကျောင်းအဆင့်တိုးမြှင့်နိုင်ရေး
အခြေအနေများပတ်သက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်
ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ အဖွဲ့ဝင်များသည် သံတွဲမြို့နယ်၊
ရွှေလှေကျေးရွာတွင် သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူးက
သံတွဲမြို့နယ်အတွင်း လျှပ်စစ်ဓာတ်ဖြန့်ဖျူးပေးနေမှုအခြေအနေများ၊ လျှပ်စစ်ဓာတ်အား(စွမ်းအင်) ချွေတာ သုံးစွဲနိုင်ရေးအတွက် LED မီးများပြောင်းလဲသုံးစွဲနိုင်ရေး အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ
ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြပြီး နတ်တောင်မော်ကျေးရွာ
အခြေခံပညာ မူလတန်းကျောင်း(ခွဲ) TYPE-C အလျား
၆၀ ပေ၊ အနံ ၃၀ ပေရှိ ၁ ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှု
စစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သံတွဲမြို့နယ် အမှတ်(၆) ရပ်ကွက်ရှိ မဟာဗောဓိဆည်မှ မြို့နယ်အတွင်း ရပ်ကွက်များသို့ သောက်သုံးရေလုံလောက်စွာ
ဖြန့်ဝေပေးနိုင်ရေးအတွက် ရေဝပ်ဧရိယာ တိုးချဲ့ခြင်းလုပ်ငန်းအားလည်းကောင်း၊ သာယာကွင်းကျေးရွာအုပ်စုရှိ
ကျားကိုက်ဆည်မှ ကျေးရွာလေးရွာသို့ သောက်သုံးရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက်
ရေပိုက်လိုင်းသွယ်တန်းထားရှိမှုအခြေအနေများအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ
မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု
များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို
လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment