Sunday, April 10, 2022

ရေကြည်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်

 

နေပြည်တော် ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧပြီ၈ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ရေကြည်မြို့နယ် ဒွာရစုကျေးရွာ၊ ပန်းတနော်မြို့နယ်မြေနု ကျေးရွာ၊ သောင်ပင်သာ ကျေးရွာနှင့် သာပေါင်းမြို့နယ်ရွာသစ် ကုန်းကျေးရွာများမှ နေအိမ်များ အမိုးလန် ပြိုကျခြင်းများ ဖြစ်ပေါ်သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှု ကြောင့်ရေကြည်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့ရှိ စာသင်ကျောင်းတစ်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုနှင့်လူနေအိမ် များအမိုးလန်ပြိုကျ ပျက်စီးခဲ့သဖြင့် ယနေ့ နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာန ချုပ်မှ နယ်မြေခံတပ်မတော်သား များက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပူးပေါင်း၍ လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု၍ လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးကာ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်း ၁၈ မျိုးပါ ခြောက်ပုံး၊ ထောက်ပံ့ငွေများ၊ ဆန်၊ စားသောက် ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment