နေပြည်တော် ဧပြီ ၉
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရှိအစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများကို သက်ဆိုင်ရာ တိုင်းဒေ သကြီးဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသ ကြီးမင်္ဂလာတောင်ညွန့်မြို့နယ်
အထက်ပန်းဆိုးတန်းလမ်းပေါ်ရှိ တခြမ်းပဲ့ဗလီတွင်ဥပုသ်ဝင် ရောက်သူ၁၂၀၊ တရားပေးဆရာ ၁၀ ဦး၊
ဗလီအကျိုးတော်ဆောင် အဖွဲ့ အဖွဲ့ဝင် ၁၀ ဦးတို့အတွက် စားသောက်ဖွယ်ရာများနှင့် အလှူ ငွေများကို
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက လည်းကောင်း၊ ဧပြီ ၈ ရက်ညနေပိုင်းတွင်မန္တလေး
တိုင်းဒေသ ကြီးချမ်းအေး သာစံမြို့နယ် ဂျွန်းဗလီအစ္စလာမ်ဘုရားရှိခိုးကျောင်းတွင် ဥပုသ်ဝင်ရောက်
သူ ၃၃၀ တို့အတွက် စားသောက်ဖွယ်ရာများကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့်
အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများကလည်းကောင်း သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြ
ကြောင်းသိရသည်။
သတင်းစဉ်
No comments:
Post a Comment