နေပြည်တော် ဧပြီ ၇
ပတ်ဝန်းကျင် စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်း ကော်မတီ၏ ပထမအကြိမ် အစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။
အစည်းအဝေးသို့
လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးမင်းမင်းဦး၊ သက်ဆိုင်ရာဌာနများ၊ အစိုးရမဟုတ်သော
အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်းများမှ
လုပ်ငန်းကော်မတီဝင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက
Inperson/ Online ဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ
တက်ရောက်ကြသည်။
အစည်းအဝေးတွင်
လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ
ကိစ္စရပ်များသည် ဌာနအားလုံးနှင့်သက်ဆိုင်ပြီး ဌာနအလိုက်ဖြစ်စေ၊ ဌာနအချင်းချင်း ပေါင်းစပ်၍ဖြစ်စေ
အကောင်အထည် ဖော်ရန်လိုအပ်သည့် cross-cutting issue များဖြစ်ပြီး
multi-disciplinary collaboration အနေဖြင့် ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်
ပါကြောင်း၊ လုပ်ငန်းကော်မတီအနေနှင့် ဆောင်ရွက်ရန် သတ်မှတ်ပေးထားသော လုပ်ငန်းတာဝန်များကို
အောင်မြင်အောင် ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော် အနေဖြင့် တွေ့ကြုံနေရသည့် ပတ်ဝန်းကျင်
ထိခိုက်ပျက်စီးမှုများ၊ ညစ်ညမ်းမှုများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ
စသည့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ် စေသည့် ပတ်ဝန်းကျင်ဆိုင်ရာ
စိန်ခေါ်မှု များကို သိသိသာသာ လျော့နည်းကျဆင်း သွားစေနိုင်မည်ဖြစ်သလို နိုင်ငံတော်၏
စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ဖော်ဆောင်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဟန်ချက်ညီညီ ပေါင်းစပ်
ဆောင်ရွက်နိုင်ခြင်းအားဖြင့် “မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်နေကြသူအားလုံး၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်
ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင် နှင့် ကောင်းမွန်သောဂေဟစနစ်ကို
ထိန်းသိမ်းသွားနိုင်ရန်” ဟူသည့် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင် ရေးရာမူဝါဒ၏မျှော်မှန်းချက်ကို
ထိရောက် အောင်မြင်စေရေးအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ
အတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက
လုပ်ငန်းကော်မတီ၏ ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များ၊ ယခု လုပ်ငန်းကော်မတီတွင် ပေါင်းစည်းထားသည့်
ယခင်လုပ်ငန်း ကော်မတီများ၏ ဆောင်ရွက်တိုးတက်မှုများနှင့် အစည်းအဝေးတွင် ဆုံးဖြတ်ရမည့်
အဆိုပြုချက် များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍ အလိုက်
ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment