Monday, April 18, 2022

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင်စိုက်ပျိုးမည့် ပျိုးပင်များ ပျိုးထောင်ထားရှိမှုများ ကြည့်ရှုစစ်ဆေး



နေပြည်တော် ဧပြီ ၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တာဝန်ရှိသူများနှင့်အတူ ယနေ့၊ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ်ရှိ ဒိုးကွင်ပျိုးဥယျာဉ်အတွင်း ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့်ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိက ပြင်ဦးလွင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ၊ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းထားရှိမှု၊ ၂၀၂၂ ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှု၊ ချယ်ရီမြို့တော်ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်နှင့် ဆင်လမ်းဆည် ရေဝေရေလဲ ထိန်းသိမ်းရေး =လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များ မှာကြားသည်။

ပြင်ဦးလွင်မြို့နယ်ကို ချယ်ရီမြို့တော်ဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင် သဘာဝတောများ၌ ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း၊ လမ်းဘေး ဝဲ/ ယာ တစ်အုပ်တစ်မ/ အတန်းလိုက်စိုက်ပျိုးခြင်း၊ လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ၌ စိုက်ပျိုးခြင်း စသည့် နည်းလမ်း (၄)မျိုးဖြင့် ချယ်ရီပျိုးပင် (၄၃၇၇၅) ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment