Monday, April 18, 2022

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ပြင်ဦးလွင်ကော်ဖီဥယျာဉ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းသို့ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဧပြီ ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ကော်ဖီဥယျာဉ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသို့ ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ကော်ဖီဥယျာဉ်ကို သဘာဝအတိုင်း အမြင် ဆန်းသစ်သည့် ဝန်းကျင်တစ်ခုဖြစ်ရေးနှင့် ကော်ဖီနှင့်ပတ်သက်၍ တစ်နေရာတည်းတွင် စုံလင်စွာ လေ့လာနိုင်ရေးတို့အတွက် စနစ်တကျစီမံဆောင်ရွက်ရန် လိုအပ်ချက်များ၊ လာရောက်လေ့လာသူများ နားနေနိုင်ရေးနှင့် ကော်ဖီစိုက်ခင်း အခြေခံခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

မြန်မာ့ကော်ဖီ အရည်အသွေးနှင့် ထုတ်လုပ်မှုတိုးတက်ပြီး ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ပိုမိုထိုးဖောက် နိုင်ရေးနှင့် ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်အဖြစ် ပိုမိုထင်ရှားစေရေးအတွက် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ(ပွေးတောင်ကော်ဖီခြံ)၏ ရေမြေနှင့်သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေရန် ပြင်ဦးလွင်ကော်ဖီဥယျာဉ်အဖြစ် အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်လျက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်းနှင့် ပတ်သက်သော အသိပညာ၊ နည်းပညာပေးလုပ်ငန်းများ၊ ထုတ်လုပ်ပုံနည်းစနစ်အဆင့်ဆင့်၊ ကော်ဖီ မျိုးကွဲများနှင့် မျိုးထိန်းစိုက်ကွက်များ လေ့လာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment