Saturday, April 16, 2022

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားပွဲနှင့် စတုဒိသာကျွေးပွဲ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၌ကျင်းပ

 

ရန်ကုန် ဧပြီ ၁၅

နယ်စပ်ရေးရာဝန်ကြီးဌာနပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနဗဟိုလေ့ကျင့်ရေးကျောင်း ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားပွဲနှင့် စတုဒိသာကျွေးပွဲများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိအဆိုပါလေ့ကျင့်ရေးကျောင်းသင်တန်း ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဝန်ထမ်းများ သက်ကြီးရွယ်အို စောင့်ရှောက်ရေး(သူနာပြုအလုပ်သင်)သင်တန်း အမှတ်စဉ်(၁) သင်တန်းသူများက သင်္ကြန်ယိမ်းအကများဖြင့် ကပြဖျော်ဖြေခြင်း၊ ဆုများချီးမြှင့်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း ကျောင်းအတွင်းရှိ ရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာ ရေပက်ကစားခြင်းတို့ ပြုလုပ်နေမှုကို ဗဟိုလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

အဆိုပါ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကိုဧပြီ၁၆ရက်အထိ ဝန်ထမ်းများ၊ သင်တန်းသူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment