Saturday, April 16, 2022

တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကြတ်နေ့ကို ပျော်ရွှင်စွာဆက်လက်ဆင်နွှဲ

 


နေပြည်တော် ဧပြီ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။

မဟာသင်္ကြန်အကျနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မြို့နယ်များနှင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ ရေကစား မဏ္ဍပ်များနှင့် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မြို့နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များနှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်များနှင့် နယ်မြေခံ တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အုတ်တွင်း တပ်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ ရေကစားမဏ္ဍပ်များ၌ အတာရေသဘင် ပွဲဆင်နွှဲကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်၍ အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေနှင့် ရခိုင်ပြည် နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတို့၌လည်း လာရောက်အပန်းဖြေအနားယူနေသော ပြည်သူများဖြင့် စည်ကားလျက်ရှိပြီး စားသောက်ဆိုင်များ၊ ဒေသထွက်ကုန်ရောင်းချနေသော ဈေးဆိုင်များ ဖွင့်လှစ် ထားရှိကာ စည်ကားသိုက်မြိုက်လျက်ရှိသည်။

ယင်းအပြင် မဏ္ဍပ်များအသီးသီး၌ ရေသဘင်ဆင်နွှဲကြသူများအား စတုဒိသာအကျွေးအမွေးများဖြင့် လည်းကောင်း၊ နိဗ္ဗာန်ဈေးပွဲတော်များပြုလုပ်၍ လည်းကောင်း ဧည့်ခံကျွေးမွေးကြပြီး ရေသဘင် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment