Monday, April 18, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော် ဧပြီ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနားကိုယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးရှိ ငုရွှေဝါခန်းမ၌ ကျင်းပသည်။

တက်ရောက်ကြည်ညို

အခမ်းအနားသို့ ဥပ္ပါတသန္တိ စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာန နာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ မာရဝိဇရ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ရေး ဩဝါဒါစရိယ ဆရာ တော် နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ ဗုဒ္ဓိတို့ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီးနိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

ပရိတ်တရားတော်များ နာယူ

အခမ်းအနားတွင် ဧည့်ပရိသတ် များက နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာန နာယက ဆရာတော်အဘိဓဇ မဟာရဋ္ဌဂုရုဘဒ္ဒန္တဇနိန္ဒထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် များရွတ်ပွားသရဇ္စျာယ်တော်မူ သောမေတ္တသုတ်ပရိတ်တရား တော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို နာယူကြသည်။

ထို့နောက် နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်း တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ နှင့် နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိတို့ အမှူးပြုသော ဆရာတော် သံဃာတော်များအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

လှူဒါန်းမှုအစုစု အမျှဝေ

ယင်းနောက်နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

No comments:

Post a Comment