Friday, April 15, 2022

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် ဧပြီ ၁၄

ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာ့ရိုးရာအတာသင်္ကြန် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိအဆိုပါ ဝန်ကြီးဌာနရုံး ပရဝဏ်အတွင်း၌ ကျင်းပဆောင်ရွက်သည်။

တက်ရောက်

အခမ်းအနားသို့ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဒုတိယဝန်ကြီး ဦးမင်းထိန်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဦးစီးဌာနများမှအရာ ထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဦးစီးဌာနများမှ ယိမ်းအက အလှအဖွဲ့များ၏ ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ယိမ်းအကအလှအဖွဲ့များနှင့် တက်ရောက်လာသည့် အရာထမ်း/အမှုထမ်းများကို အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်း၍ မြန်မာ့ရိုးရာ အတာသင်္ကြန်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသည်။

ကြည့်ရှုအားပေး

ထို့နောက် ဝန်ကြီးဌာနရှိ စုဝေးခန်းမကြီးတွင် ဦးစီးဌာနများမှ ယိမ်းအကအလှအဖွဲ့များ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး၍ အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းများနှင့်မိသားစုဝင်များအား စတုဒိသာ အစားအစာများဖြင့် ဧည့်ခံကျွေးမွေးနေမှု ကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment