Saturday, April 9, 2022

၁၃၈၃ ခုနှစ်၊ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အကြို ကလေးများ ပျော်ပွဲရွှင်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးတက်ရောက်

 


 နေပြည်တော် ဧပြီ ၉

 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နေပြည်တော်လူမှု ဝန်ထမ်းဦးစီးဌာနက ကျင်းပသည့် ၁၃၈၃ ခုနှစ်၊ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အကြို ကလေးများ ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကလေးပြုစုရေးဌာန၌ ကျင်းပရာ နေပြည်တော် ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ နေပြည်တော်လူမှုဝန်ထမ်း ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ပရဟိတဂေဟာများမှ ဂေဟာမှူးများနှင့် အရပ်ဖက်လူမှုရေးအဖွဲ့အစည်း များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 



အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနှစ်သစ်ကူး အခါသမယတွင် ပြည်သူ ပြည်သားများ ပျော်ရွှင်အေးချမ်းပြီး နှစ်သစ်မှစ၍ တစ်နှစ်ပတ်လုံး အနာရောဂါကင်းရှင်း၍ ကပ်ဘေးမှကင်းဝေးစေရန်အတွက် နှစ်စဉ်နှစ်တိုင်းသ င်္ကြန်ပွဲများ ကျင်းပကာပျော်ရွှင်စရာ ရေသဘင်ပွဲဆင်နွှဲ၍ နှစ်ဟောင်းမှ အညစ် အကြေးများကို  ဆေးကြောကာ နှစ်သစ်ကို ကြိုဆိုလေ့ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာနအနေနဲ့ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် အဓိကတာဝန်ယူနေသည့် ဝန်ကြီးဌာန ဖြစ်သည်နှင့်အညီ ကလေးများ၏ ရှေးဦး ဘဝအရွယ် ဖွံ့ဖြိုးတိုးတက်မှုဟာ အရေးကြီးတာကြောင့် ကိုဗစ်-၁၉ ကာလအတွင်းမှာ အရည် အသွေး ပြည့်ဝသော မူကြိုပညာရေးအား အသက်အရွယ်အလိုက် ရရှိစေရန်နှင့် ကလေးများ၏ ဘက်စုံဖွံ့ဖြိုးရန် ပင်မအထောက်အပံ့ဖြစ်သည့် အရည်အချင်းပြည့်မီသည့် ပြုစုစောင့်ရှောက်မှုရရှိ စေရန် ဆောင်ရွက်လျက်ရှိသလို လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော် ကလေးပြုစုရေးဌာနမှ ဌာန၏ သားငယ်၊ သမီးငယ်လေးများကိုလည်း နှစ်သစ်အခါသမယတွင် ပျော်ရွှင်အေးချမ်း စေရန် ရည်ရွယ်ပြီး နှစ်သစ်ကို ကြိုဆိုပေးခြင်းအားဖြင့် မွေးစမှ (၁၀) နှစ်အထိ အရွယ်ရှိ ကလေးငယ် များ၏ အသက်အရွယ် အဆင့်ဆင့်အလိုက် ကာယဖွံ့ဖြိုးတိုးတက်မှု၊ သိမှုဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ စာရိတ္တဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှု အစရှိသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန်အတွက် ပြုစုပျိုးထောင်ရေး နည်းလမ်းများတို့ဖြင့် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ 

ဆက်လက်၍ နေပြည်တော် ကလေးပြုစုရေးဌာနမှ သားငယ်၊ သမီးငယ်လေးများက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဂုဏ်ပြုပန်းခြင်းများနှင့် ဆုများ၊ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။ 

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment