Saturday, April 9, 2022

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေ ရရှိရေး ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

 


မကွေး ဧပြီ ၉

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက လူမှုရေးရာ ဝန်ကြီးဦးစိုးပိုင်မြင့်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဆင်ပေါင်ဝဲ မြို့နယ်၊ ညံတောအင်းကျေးရွာတွင် စိုက်ပျိုးမြေ(၂၀၀)ဧကအား ရေပေးဝေနိုင်ရန် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် တိုင်းဒေသကြီးရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လာမည့်မိုးရာသီအမီ ဧက(၁၀၀)ခန့် ရေပေးဝေစိုက်ပျိုးနိုင်အောင် ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ သတ်မှတ်ချိန်အမီပြီးစီးရေးအတွက် စနစ်တကျဖြင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံ သော နိုင်ငံတစ်ခုဖြစ်သလို မကွေးတိုင်းဒေသကြီးဟာလည်း စိုက်ပျိုးရေးကိုအခြေခံတဲ့  ဆီထွက်သီးနှံအများ ဆုံး စိုက်ပျိုးထုတ်လုပ်ရာ တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေးဟာ နိုင်ငံ၏ကြောရိုးသဖွယ် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်သည့်အတွက် ညံတောအင်းကျေးရွာမှ ဒေသခံ တောင်သူများ ကြီးပွားတိုးတက်အဆင်ပြေစေရန် ယခုမြစ်ရေတင်စီမံကိန်းကို ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ အဓိကကျသည့် စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရန်အတွက် ဆိုလာလျှပ်စစ် မြစ်ရေတင် လုပ်ငန်းကို ဆောင်ရွက်ပေးခြင်းလည်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုး သီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန်နှင့် ရေကိုချွေတာသုံးစွဲနိုင်ရန်အတွက် ရာသီအလိုက် စိုက်ပျိုးသီးနှံများကို သတ်မှတ်ချိန်အတွင်း အပြီးစိုက်ပျိုးရန် လိုအပ်ကြောင်း၊ သီးနှံအထွက် တိုးရန်အတွက် မျိုးကောင်းမျိုး သန့်များ သုံးစွဲရန်လိုအပ်ပြီး မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို လည်း စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် နွေ၊ မိုး၊ ဆောင်းရာသီ သီးနှံများအောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက် သွားကြရမှာဖြစ် ကြောင်း စသည်ဖြင့် ပြောကြားပြီး၊ တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ နေကြာမျိုးစေ့များအား ဒေသခံတောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး မြစ်ရေတင် ဆောင်ရွက်နေမှုအခြေအနေနှင့် နေကြာသီးနှံစိုက်ပျိုးမည့်နေရာများ အား ကြည့်ရှုစစ်ဆေး သည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကာကွယ်ရေး ဇုန် (Buffer Zone)နှင့် ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးဇုန်(Properties Zone)အတွင်းမှ လယ်ယာမြေ များနှင့် လူနေအိမ်များ ပြောင်းရွှေ့နေရာချထားနိုင်ရေးအတွက် ရွေးချယ်ထားသည့် သစ်ရာကောက်-ကိုးပင်လမ်းပေါ်ရှိ လျားထားမြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်ညီညာ

No comments:

Post a Comment