Sunday, April 17, 2022

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့်သက်ကြီးပူဇော်ပွဲအခမ်းအနားသို့တက်ရောက်

 

ထားဝယ် ဧပြီ ၁၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ်၊  မြန်မာနှစ်ဆန်း(၁)ရက် ဇီဝိတဒါန ငါးလွှတ်ပွဲကို ယနေ့နံနက် ၇ နာရီ၊ ထားဝယ်မြို့၊ ဒေါင်းငူ/တံငါရပ်ကွက်၊ ဆိပ်ကမ်းသာ ဘောတံတား ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များတို့က ကကတစ်ငါးသားပေါက် (၂၀၀၀၀)အား ဆိပ်ကမ်းသာဘောတံတားပေါ်မှ ထားဝယ်မြစ် အတွင်းသို့ ကုသိုလ်ပြု ဇီဝိတဒါနငါးလွှတ်ပေးခဲ့သည်။

ထိုနောက်အသက်(၉၀)နှစ်အထက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကိုနံနက် ၉ နာရီ အချိန်တွင် သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပရာ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အဘိုးအဘွားများအားပူဇော် ကန်တော့ခြင်းအကြောင်းအမှာ စကားပြောကြားပြီး ဖိတ်ကြားထားသောဧည့်သည်တော်များက အဘိုးအဘွား (၃၀)ဦး အားပူဇော်ကန်တော့ခဲ့ကြသည်။

ဆက်လက်၍ အဘိုးအဘွားများကိုယ်စား အဘွားဒေါ်ခင်မူက ဝမ်းမြောက်စကားပြောကြားပြီး ဆုတောင်းမေတ္တာ ပို့သ၍တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက အဘိုးအဘွားများအား အလှူငွေများနှင့် ကန်တော့လက်ဆောင် ပစ္စည်းများပေးအပ်ကာ အဘိုး အဘွားများအား ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များအဖွဲ့က ကျန်းမာရေး ဆေးစစ် ကုသပေးသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသက်(၉၀)နှစ်အထက်အဘိုးအဘွား(၂၆၀)ဦးအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် အလှူငွေများနှင့်ကန်တော့ လက်ဆောင်ပစ္စည်းများ ပေးအပ်မှာ ဖြစ်ပြီး ကန်တော့လက်ဆောင်ပစ္စည်းတန်ဖိုးမှာ ကျပ်သိန်း (၁၃၀)ဖြစ် ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment