Sunday, April 17, 2022

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေး အစီအစဉ်များ ကြည့်ရှုအားပေး၊ သင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက် ချီးမြှင့်

 


ဟားခါး ဧပြီ ၁၇

၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အတက်နေ့ဖျော်ဖြေရေး အစီအစဉ်များကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ဆက်လက်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးငွန်ဆန်းအောင်၊ ပြည်နယ်တရား သူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ဟားခါးတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးကြသည်။

ထို့နောက် ချင်းပြည်နယ် မဟာသင်္ကြန်ပွဲတော်တွင် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် သင်္ကြန် မယ်များနှင့် ယိမ်းအဖွဲ့များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ သင်္ကြန်မယ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ရရှိသူများအား အမှတ်(၂၆၆)ခြေလျင်တပ်ရင်းမှူး၏ဇနီး ဒေါ်ဇာဇာအောင်နှင့် စစ်ဗျူူဟာမှူး၏ဇနီး ဒေါ်နီနီဝင်းတို့က လည်းကောင်း၊အပြုံးအလှပိုင်ရှင်ဆုရရှိသည့် မမိုးမိုးဇင်အား လူမှုရေးဝန်ကြီး၏ဇနီး ဒေါ်သင်းသင်းထွန်းက လည်းကောင်း၊ပရိသတ်အားပေးမှု အကောင်းဆုံးဆုရရှိသူ မမိုးဟေမာန်ဦးနှင့် သင်္ကြန်မယ်ဆုရရှိသည့် မကျင်ဟောက်ဝုန်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်သိန်း သိန်းမော်က လည်းကောင်း၊ ဆုများအသီးသီး ချီးမြှင့်ကြသည်။

ဆက်လက်၍ ယိမ်းအဖွဲ့များကို ဆုများချီးမြှင့်ကြရာ နှစ်သိမ့်ဆုရရှိသည့် နှစ်သစ်မင်္ဂလာယိမ်းအဖွဲ့အား ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး  စောထွန်းက လည်းကောင်း၊ ပိတောက်လွမ်းသူ ယိမ်းအဖွဲ့အား ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းကလည်းကောင်း၊ ဇလပ်ပျိုမေယိမ်းအဖွဲ့ အား ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်ကလည်းကောင်း၊ နွေဦးကဗျာယိမ်းအဖွဲ့အား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း၊ ယမင်းရွှေစင်ယိမ်းအဖွဲ့အား လူမှုရေးဝန်ကြီး ဦးသန့်ဇင် ကလည်းကောင်း၊ ပိတောက်ရွှေဝါယိမ်းအဖွဲ့အား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးက လည်းကောင်း၊ စိမ်းလန်းစိုပြေယိမ်းအဖွဲ့အား သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက လည်းကောင်း၊ တတိယဆုရရှိသည့် သနပ်ခါးပျိုဖြူယိမ်းအဖွဲ့အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန် ဝင်းအောင်က လည်းကောင်း၊ ဒုတိယဆုရရှိသည့် ပိတောက်ချစ်သူ လှပျိုဖြူယိမ်းအဖွဲ့အား ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း၊ ပထမဆုရရှိသည့် ချယ်ရီချစ်သူယိမ်း အဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း ဆုများ အသီးသီးချီးမြှင့်ပေးအပ်ကြပြီး ဆုရရှိသည့် သင်္ကြန်မယ်နှင့် ယိမ်းအကအဖွဲ့များက ပြန်လည်ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးများ ဟားခါးတပ်နယ်ရေကစားမဏ္ဍပ်၌ သွားရောက်၍ ယိမ်းအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး၍ ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ အတာရေများ ပက်ဖျန်းပေးကြသည်။   

ထို့နောက် ညနေ ၃ နာရီတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ဆက်လက် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် နှုတ်ခွန်းဆက်အမှာ စကားပြောကြားပြီး ယိမ်းအကအဖွဲ့များက “မန်းတောင်ရိပ်ခို” သီချင်းဖြင့် စုပေါင်းသီဆိုဖျော်ဖြေ တင်ဆက်ကြကာ ၁၃၈၃ ခုနှစ် ချင်းပြည်နယ်မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment