Friday, April 15, 2022

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

 

နေပြည်တော် ဧပြီ ၁၄

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပသည်။

ဖွင့်ပွဲ အခမ်းအနားတွင်ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)ရှိ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး ဝန်ထမ်း နှင့် မိသားစုဝင်များ၏ သင်္ကြန်ယိမ်းအက၊အလှအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့် ဖွင့်လှစ်သီဆို ကပြဖျော်ဖြေကြပြီး ပျော်ရွှင်စွာ ရေပက်ဖျန်းကစားကြသည်။

သင်္ကြန်ကာလအတွင်း တရားနာ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ကျောင်းတွင်းရှိ သက်ကြီးရွယ်အို များကို ကိုယ်လက်သန့်စင်ပေးခြင်း၊ လက်သည်း၊ ခြေသည်းညှပ်ပေးခြင်း၊ ရေကစားမဏ္ဍပ်တွင် သီဆိုကပြဖျော်ဖြေခြင်း၊ ရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းတို့ကို ရိုးရာမပျက် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားသို့ ဒီဂရီကောလိပ်ရှိ ကျောင်းအုပ်ဆရာကြီး၊ ညွှန်ကြား ရေးမှူးများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment