Friday, April 15, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ ခုနှစ်ပြည်ထဲရေးဝန်ကြီး ဌာနမိသားစု မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သို့တက်ရောက်

 

နေပြည်တော် ဧပြီ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် Jean Phang နော်တောင်၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန (၂)ပြည်ထောင်စု ဝန်ကြီးဦးချစ်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဧည့်သည်တော်များနှင့်ဇနီးများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပြည်ထဲရေး ဝန်ကြီးဌာနမိသားစုမြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်သို့သွားရောက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် စိုးတင့်နိုင်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊တာဝန်ရှိသူများ၊ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများက ကြိုဆိုခဲ့ကြသည်။

ပျော်ရွှင်စွာရေကစား

ယင်းနောက်ပြည်ထဲရေးဝန်ကြီး ဌာနမိသားစုမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ဝန်ထမ်းမိသားစု ယိမ်းအဖွဲ့များက မြန်မာ့ရိုးရာသင်္ကြန်အကများဖြင့်တီးမှုတ်ကပြဖျော်ဖြေကြပြီး သင်္ကြန်ကာလစား သောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဧည့်သည်တော်များနှင့်ဇနီးများက ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်

အညီ ပျော်ရွှင်စွာရေကစားကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment