Sunday, April 17, 2022

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နန်းမြို့သူရေကစားမဏ္ဍပ်သို့ အိန္ဒိယကောင်စစ်ဝန်နှင့် မိသားစု များ၊ တရုတ်ကောင်စစ်ဝန်နှင့် မိသားစုများ လာရောက်ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၁၆

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အတက်နေ့ဖြစ်သည့် ယနေ့တွင် အိန္ဒိယကောင်စစ်ဝန် Mr. Neeraj Kumar Consul General Consulate General of India, Mandalay နှင့် အဖွဲ့ဝင်များသည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ နန်းမြို့သူ ရေကစားမဏ္ဍပ်နှင့် အခြားရေကစားမဏ္ဍပ်များသို့ သွားရောက်လည်ပတ်၍ ရေကစားမှု များကို ကြည့်ရှုအားပေးကြပြီး အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

 

ဦးစွာ အိန္ဒိယကောင်စစ်ဝန်နှင့် အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ယိမ်းအဖွဲ့များ၏ သင်္ကြန်ယိမ်းအက အလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ကောင်စစ်ဝန်နှင့် အဖွဲ့ဝင်များသည် မဏ္ဍပ်၌ အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး တိုင်းစစ်ဌာနချုပ်အတွင်းရှိ သင်္ကြန်မဏ္ဍပ်များသို့လည်း လှည့်လည်ကြည့်ရှု အားပေးကြသည်။

အလားတူ ယနေ့ညနေပိုင်းတွင်လည်း တရုတ်ကောင်စစ်ဝန်နှင့် မိသားစုဝင်များက အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် ရေကစားမဏ္ဍပ်သို့ လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment