Sunday, April 17, 2022

တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အတက်နေ့ကို ပျော်ရွှင်စွာဆက်လက်ဆင်နွှဲ

နေပြည်တော် ဧပြီ ၁၆

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရေကစားမဏ္ဍပ် များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတ အဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။

 

မဟာသင်္ကြန်အတက်နေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းရှိ မိသားစုရေကစားမဏ္ဍပ်များ၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်နှင့် နယ်မြေခံတပ်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ ရှုခင်းသာဗဟိုမဏ္ဍပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် ရေစကားမဏ္ဍပ်များ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရေကစားမဏ္ဍပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ရေကစားမဏ္ဍပ်များ၊ အလယ်ပိုင်း တိုင်းစစ်ဌာန ချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်နှင့် ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်အတွင်းရှိ ရေကစားမဏ္ဍပ်များ၌ အတာရေသဘင်ပွဲ ဆင်နွှဲကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်၍ အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။

ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာရှိ ဟိုက်ပါရေတံခွန်၊ တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့ရှိ ပုလုံးတုံးတုံးကမ်းခြေ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာ ကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေနှင့် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေလှောင်တမံ ရေလွှဲတို့၌လည်း လာရောက်အပန်းဖြေအနားယူနေသော ပြည်သူများဖြင့် စည်ကား လျက်ရှိကာ စားသောက်ဆိုင် များ၊ ဒေသထွက်ကုန်ရောင်းချနေသော ဈေးဆိုင်များ ဖွင့်လှစ်ထားရှိ၍ မဏ္ဍပ်များ အသီးသီး၌ ရေသဘင်ပွဲ ဆင်နွှဲကြသူများအား စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment