Tuesday, April 19, 2022

ပုလဲမြို့နယ် မီးလောင်မှုကြောင့် ပျက်စီးသွားသော အင်းမထီးကျေးရွာ ပြန်လည်ထူထောင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 




 မုံရွာ ဧပြီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် အင်းမထီးကျေးရွာ မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီး ဆုံးရှုံးသွားသော လူနေအိမ်များအပါအဝင်  ပြည်သူများ၏ လူမှုစီးပွားဘဝ ပြန်လည်ကောင်းမွန် စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၁၉ ရက်နေ့ နေ့ ၁၁ နာရီ အချိန်က စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ DICA ခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 အစည်းအဝေးတွင် ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အင်းမထီးကျေးရွာ မီးလောင်မှု ဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်များအပါအဝင်  ပြည်သူများ၏ လူမှုစီးပွားဘဝ ပြန်လည်ကောင်းမွန်စေရေး၊လျှပ်စစ်မီး၊ သောက်သုံးရေနှင့် လမ်းများ ကောင်းမွန်စေရေး နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့် အညီအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြရန်နှင့် လက်တွေ့ဆောင်ရွက်ရမည့် နည်းလမ်းကောင်းများကို အကြံပြုဆွေးနွေးပေးကြရန် အမှာစကားပြောကြားသည်။

 ဆက်လက်ပြီး တက်ရောက်လာကြသည့်  တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာဌာနများက ပြန်လည်ထူထောင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဦးစီးကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းရေး၊ မြေပြင်ကွင်းဆင်း ကြည့်ရှုနိုင်ရေးနှင့် ကျေးရွာပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေး စသည့် လုပ်ငန်းများ အလိုက် လိုအပ်ချက်များကို အသေးစိတ်စီစဉ်ဆောင်ရွက်နိုင်ရေး အကြံပြု ဆွေးနွေးခဲ့ကြ ပါသည်။

ထို့နောက် လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အင်းမထီးကျေးရွာ မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းများအမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး သင်ဆိုင်ရာဌာနများအ‌နေဖြင့် ပူးပေါင်း၍ ကြိုးပမ်းအကောင်အထည် ဖော် ဆောင်ရွက်ကရန် နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်းသိရသည်။

  ခရိုင်ပြန်/ဆက်

 

No comments:

Post a Comment