Monday, April 11, 2022

မွန်ပြည်နယ်ဝန်ကြီးချုပ် နှစ်(၅၀)ပြည့် မွန်အမျိုးသားဝတ်စုံ ရွှေရတုအထိမ်းအမှတ် အခမ်းအနား တက်ရောက်

  




​မော်လမြိုင် ဧပြီ ၁၁ 

မွန်ပြည်နယ်အ​​နေဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်​လေးစားမှုရှိ​စေ​ရေး၊ စကား၊ စာ​ပေ၊ အနုပညာ၊ ယဉ်​ကျေးမှု၊ ရိုးရာဓ​လေ့ ထုံးတမ်းများ၊ မ​ပျောက်မပျက် ထိန်းသိမ်း​စောင့်​​​ရှောက်နိုင်​စေ​ရေး နှစ် (၅၀)ပြည့် မွန်အမျိုးသားဝတ်စုံ ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ယမန်​နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ဆန်းရှိုင်းဟိုတယ်တွင် ကျင်းပခဲ့သည်။ 

အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျင်းပရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်​တော်များက  နှစ်(၅၀)ပြည့် မွန်အမျိုးသားဝတ်စုံ ရွှေရတုအထိမ်းအမှတ် အခမ်းအနား တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနားတွင်  မွန်တိုင်းရင်းသားရိုးရာ တပင်တိုင်အက၊ ​ရွှေဟင်္သာ​မောင်နှံအက မွန်ဘာသာ ဖြင့် လျးဟံမန် (ရာမညသီချင်း)  ဧည့်ခံ​ဖျော်​ဖြေ တင်ဆက်ခဲ့ပြီး နှစ် (၅၀) ပြည့် မွန်အမျိုးသား ဝတ်စုံ ရွှေရတုအထိမ်းအမှတ် အခမ်းအနားတွင်  မွန်အမျိုးသားဝတ်စုံ ​ဖော်ထုတ်ပြသနိုင်​ရေး၊ မွန်တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဓ​လေ့ ထုံးတမ်းများ၊ မ​ပျောက်မပျက် ထိန်းသိမ်း​စောင့်​​​ရှောက်ရေးတို့ကို တင်ပြခဲ့ကြသည်။ 

ထို့​နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက ပြည်​ထောင်စု သမ္မတ မြန်မာနိုင်ငံ​တော်အတွင်း မီတင်း​နေထိုင်ကြသည့် တိုင်းရင်းသားတိုင်းသည် စာ​ပေယဉ်​ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို အစဉ်တစိုက် ထိန်းသိမ်းလာခဲ့ပါ​ကြောင်း၊ သမိုင်းအစဉ် အလာ ကြီးမားသည့် မွန်တိုင်းရင်းသားများသည် မြန်မာမာနိုင်ငံအတွင်းသို့ အ​စောဆုံးဝင်ရောက် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ ဖြစ်ပါ​ကြောင်း၊နိုင်ငံတော်အနေဖြင့်  တိုင်းရင်းသား များအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှုများ ​ဖော်​ဆောင်နိုင်​ရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်​ရေးနှင့် ပြည်​ထောင်စုငြိမ်းချမ်း​ရေးကို ကြိုပမ်း​ဆောင်ရွက်လျက်ရှိ​ကြောင်း၊ အခါသမယမှသည် မိမိတို့ပြည်နယ်အကျိုး၊ ပြည်​ထောင်စုအကျိုးတို့ကို အခြား​သော တိုင်းရင်း သား ညီအကို​မောင်နှများနှင့် အညီ အတူလက်တွဲ ဆက်လက်ပါဝင်ကြပါ​စေလို​ကြောင်း ​ပြောကြားခဲ့သည်။ 

ဆက်လက်၍ နှစ် (၅၀)ပြည့် မွန်အမျိုးသားဝတ်စုံ ရွှေရတုအထိမ်းအမှတ် အခမ်းအနား ကျင်းပရေး ကော်မတီဝင်များက ၁၉၇၁ ခုနှစ်တွင် မွန်အမျိုးသားဝတ်စုံ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ၊ နှစ် (၅၀)ပြည့် မွန်ပြက္ခဒိန် ထုတ်ဝေဖြန့်ဖြူးမှု  အကြောင်းအရာ များကို ရှင်းလင်းတင်ပြသည်။ 

မွန်ပြည်နယ် အ​​နေဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်​လေးစားမှုရှိ​စေ​ရေး၊ စကား၊ စာ​ပေ၊ အနုပညာ၊ ယဉ်​ကျေးမှု၊ ရိုးရာဓ​လေ့ ထုံးတမ်းများ၊ တိုင်းရင်းသားလူမျိုးများ၏ ပညာ​ရေး၊ ကျန်းမာ​ရေး၊ စီးပွား​ရေးနှင့် လမ်းပန်းဆက်သွယ်​ရေး ကဏ္ဍများကိုလည်း အထူးအ​လေး​ပေး ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရသည်။ 

ခင်စန်းမြင့် ပြန်/ဆက်

No comments:

Post a Comment