Monday, April 18, 2022

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ငွေကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်း ဖမ်းဆီးရမိ

 


နေပြည်တော် ဧပြီ ၁၈

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ငွေကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၄/၅)အနီးတွင် မန္တလေးမှ ရန်ကုန်ဘက်သို့ ဇာနည်ထွန်း မောင်းနှင်လာသော PRADO မော်တော်ယာဉ်နှင့် ရှေ့နောက်လိုက်ပါလာသည့် မိုးဟိန်း မောင်းနှင်ပြီး ငြိမ်းချမ်းသူ(ခ) ကျန်ကျောင်း လိုက်ပါလာသော PRADO မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ ၎င်းမော်တော်ယာဉ် ၂ စီးပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment