Monday, April 18, 2022

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကျင်းပသောအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ မင်္ဂလာကျင်းပ

 


တောင်ကြီး ဧပြီ ၁၈

 

သာသနာတော်နှစ်-၂၅၆၅ခု၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခု၊ တန်ခူးလပြည့်ကျော်(၂)ရက် ခရစ်နှစ် ၂၀၂၂ ခုနှစ် ယမန်နေ့နံနက်(၇)နာရီက တောင်ကြီးမြို့ ရွှေဘုန်းပွင့်စေတီတော်ဓမ္မာရုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ မင်္ဂလာအခမ်းအနားကျင်းပကြောင်း သိရသည်။

 





ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများတို့က ရွှေဘုန်းပွင့်စေတီတော်အား ပန်းရေချမ်းဆီမီးပူဇော်၍ ရွှေဘုန်းပွင့် စေတီတော်၌ကျင်းပသော အသံမစဲမဟာပဋဌာန်းရွတ်ဖတ်ပူဇော်ဖွင့်ပွဲ တက်ရောက်ရာ ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့ မဟာစည်ကျောင်းဆရာတော် ဘဒ္ဒန္တခေမာစာရက ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်၍ တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက်မှ ဘဒ္တန္တပညာသာရာလင်္ကာရကပဋ္ဌာန်းတရားနာကြားရန် နတ်၊ ဗြဟ္မာများအား ပင့်ဖိတ်ကာ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သိမ်တောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့် ဇနီး၊ တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သံဃတော်အရှင်သူမြတ်တို့အား နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး သိမ်တောင်ကျောင်းတိုက်မှ ဘဒ္ဒန္တမာဏဝကမဟာပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ရန်တိုက်တွန်းနှိုးဆော်လွှာ (ပဋ္ဌာန်းအမွန်း)ဖတ်ကြား၍ ပဋ္ဌာန်းပစ္စယုနိဒ္ဒေသပါဠိတော်ကို ရွတ်ဖတ်ပူဇော်ရန်အတွက် ပဌာန်းအလှည့်ကျ ဘာဏက ဆရာတော်(၁)ပါးမှ မဟာပဌာန်းပစ္စယုနိဒ္ဒေသ ပါဠိတော်မှစ၍ ရွတ်ဖတ်ပူဇော်ပေးကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ စူဠာမုနိဘုရားအား သွားရောက်ဖူးမျှော်ကာပန်း၊ ရေချမ်းတို့ကိုဆက်ကပ်လှူဒါန်း၍ အလှူငွေများ ထည့်ဝင်လှူဒါန်းပေးပြီး အောင်မြေနှင့် အောင်စည်အောင်မောင်းတီးပေးကြကြောင်း သိရသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကလောမြို့နယ် ဟဲဟိုးအင်းခေါင်ဆည်တွင် ဇီဝိတဒါနငါးလွတ်ပွဲကို တက်ရောက်ရာပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ငါးလွတ်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ဇနီး၊ ပြည်နယ် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဆည်အတွင်း ငါးများလွတ်ပေးကြသည်။ အဆိုပါ ငါးလွတ်ပွဲတွင် ငါးခုံးမ(၂)သောင်းခွဲ၊ ငါးမြစ်ချင်း(၂)သောင်းခွဲ စုစုပေါင်း ငါး(၅)သောင်း စုပေါင်းလွတ်ပေးကြသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့် ဇနီးဒေါက်တာ ခင်ခင်ထူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှဦးဆောင်၍ ဧည့်ပရိတ်သတ်အပေါင်းတို့က အဘိုး၊ အဘွားများအား ပူဇော်ကန်တော့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် နီးပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့က အဘိုးအဘွားများအား ပူဇော် ကန်တော့ငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းပေးကြပြီး အဘိုးအဘွားများ၏ ကိုယ်စားတောင်ကြီးမြို့ ရှမ်းရိုးမဘိုးဘွား ရိပ်သာမှ အသက်(၉၅)နှစ်ရှိအဘွား ဒေါ်သင်းမြိုင်မှ ဆုတောင်းမေတ္တာပို့သပေးသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ၂၀၂၂ခုနှစ် သက်ကြီးပူဇော်ပွဲ အလှူငွေကောက်ခံရရှိမှုမှာ ကျပ်သိန်းတစ်ရာ့ရှစ်ဆယ်ကိုးသိန်း ခြောက်သောင်းသုံးထောင်တိတိဖြစ်ပြီး တောင်ကြီး မြို့ပေါ်(၂၂)ရက်ကွက်ရှိ (၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား(၅၂၇)ဦးရှိသည့်အနက် ယနေ့အခမ်းအနားတွင် တက်ရောက် အဘိုး(၂၇)ဦး၊ အဘွား(၃၇)ဦး စုစုပေါင်း(၆၄)ဦး တက်ရောက်၍ အဘိုး၊ အဘွားတစ်ဦးလျှင်ပစ္စည်း၊ ငွေအပါကျပ်ရှစ်သောင်းတစ်ထောင်ရှစ်ရာငါးဆယ်ကျပ်နှင့် မတက်ရောက် နိုင်သည့် အဘိုး၊ အဘွားအား အိမ်တိုင်ရာရောက် တစ်ဦးလျှင်ပစ္စည်း၊ ငွေအပါကျပ် သုံးသောင်းခုနှစ်ထောင် တစ်ရာငါးဆယ်ကျပ်တိတိ လှူဒါန်းပေးကြပြီးတောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ ဆရာမများက အဘိုးအဘွားအားကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ ကြည့်ရှု အားပေးစကားပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment