Monday, April 18, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်(၅၈) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲသို့ တက်ရောက်

 


စစ်တွေ ဧပြီ ၁၇

(၅၈) ကြိမ်မြောက် စစ်တွေမြို့လုံး ကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော် ပွဲအခမ်းအနားကို ရခိုင်-မြန်မာ သက္ကရာဇ် ၁၃၈၄ခု၊ မြန်မာ နှစ်ဆန်း ၁ ရက်နေ့ ယနေ့နံနက် ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ စစ်တွေမြို့ပေါ်မှ သက်ကြီးအဘိုး အဘွားများ၊ဌာနဆိုင်ရာများ၊ စစ်တွေမြို့လုံးကျွတ်သက်ကြီး ပူဇော်ပွဲကော်မတီဝင်များ၊ ယိမ်း အကအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

မင်္ဂလာစည်တော်တီးဖွင့်လှစ်

ရှေးဦးစွာမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်ရိုးရာမင်္ဂလာစည်တော်တီး၍ဖွင့်လှစ်ပြီး မြို့လုံးကျွတ်သက်ကြီး ပူဇော်ပွဲကျင်းပရေးကော်မတီ စာရင်းစစ်မှူးဦးစံညွန့်က မင်္ဂလာဩဘာရတုဖြင့် ရွတ်ဆိုပူဇော်ကာ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစံသာမောင်က သက်ကြီးပူဇော် ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

နှုတ်ခွန်းဆက်စကားပြောကြား

ဆက်လက်၍နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက သက်ကြီးပူဇော်ပွဲနှင့် ပတ်သက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ယိမ်းအကဖြင့် ကပြဖျော်ဖြေ

ထို့နောက်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း အမှူးပြုသော ဧည့်ပရိသတ်များကသက်ကြီး အဘိုးအဘွားများကို လက်အုပ် ချီမိုးဦးချပူဇော်ကန်တော့ကြသည်။ ယင်းနောက်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့်ပြည်နယ်ဝန်ကြီးချုပ်တို့က သက်ကြီးအဘိုးအဘွားများကို မင်္ဂလာရေစင်ဖြင့် ပက်ဖျန်းပူဇော်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းကြကာမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲ ကော်မတီနှင့် အလှူရှင်၊ စေတနာရှင်များက အဘိုးအဘွားများကို အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြသည်။ ယင်းနောက် အပူဇော်ခံ အဘိုးအဘွားများကိုယ်စား အဘိုး ဦးစောစိန်ကဆုတောင်း မေတ္တာပို့စကား ပြောကြားပြီး မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီ၊ ယဉ်ကျေးမှု ကော်မတီမှ “အာရက္ခတဘောင်” ယိမ်းအကဖြင့်ဂါရဝပြုကပြ ဖျော်ဖြေပူဇော်ကြသည်။

ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းတို့က သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီနှင့်ယိမ်း အကအဖွဲ့ဝင် လူငယ်များကို အလှူငွေနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ပူဇော်ကန်တော့

သက်ကြီးပူဇော်ပွဲ ကျင်းပရေး ကော်မတီမှခန်းမအတွင်းသို့ လာရောက်အပူဇော်ခံအဘိုး အဘွား ၇၀ ကို ပူဇော်ကန်တော့ကြ ပြီး ရပ်ကွက်အသီးသီးနှင့် ဘိုးဘွားရိပ်သာရှိအဘိုး အဘွားများကိုလည်း လှည့်လည်ပူဇော်ကန်တော့ သွားမည်ဖြစ်သည်။ စစ်တွေမြို့တွင် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီက အသက် ၈၀ နှင့်အထက် အဘိုးအဘွားများ နှင့်အသက်တစ်ရာအထက် အဘိုးအဘွား ခုနစ်ဦးအပါအဝင် စုစုပေါင်း ၁၁၁၀ ကို ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment