Monday, April 18, 2022

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်ပသည့် ဘိုးဘွားသက်ကြီး ပူဇော်ကန်‌တော့ပွဲ အခမ်းအနားကျင်းပ

 


ရန်ကုန် ဧပြီ ၁၈

၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုရအဖွဲ့မှ ကြီးမှူးကျင်းပသော ဘိုးဘွားသက်ကြီး ပူဇော်ကန်‌တော့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီးရှိ သီရိရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂါရဝပြုကန်တော့ လက်ဆောင်ပစ္စည်းများ ပေးအပ် လှူဒါန်းကြသည်။

ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့က ဌာနဆိုင်များမှ ထာဝရပ​ဒေသာပင်အတွက် လှူဒါန်းငွေကျပ် (၁၀၉၁၉၀၀၀)ကို နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး အမှု​ဆောင်ဥက္ကဋ္ဌ ဦးဝင်း​ဆွေထံ​ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ကန်တော့ခံဘိုးဘွားများကိုယ်စား အဘိုးမောင်နီ (၉၂)နှစ်က ဆုတောင်းမေတ္တာ ပို့သခဲ့ပြီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဆွေက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

​အောင်မြင့်

No comments:

Post a Comment