နေပြည်တော် ဧပြီ ၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်နိုင်ရေး နိုင်-၄ မှတ်တမ်း များ စာရင်းရေးသွင်းခြင်း ဆိုင်ရာနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည် တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဒေါက်တာမောင်မောင်နိုင်က အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) နှင့် လူတစ်ဦးချင်း
ထုတ်ပေးသည့် နိုင်ငံသားစိစစ် ရေးကတ် မှတ်တမ်းတင် စာရင်းပုံစံ နိုင်-၄ ကို အသုံးပြု၍
အပြန်အလှန်စစ်ဆေးနိုင်ရေးကို IT နည်းပညာဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ
မြို့နယ် ရှစ်မြို့နယ်၌ ဆောင်ရွက်မည့် နိုင်-၄ မှတ်တမ်းများ စာရင်း ရေးသွင်းခြင်း အချိန်မီပြီးစီးရေးနှင့်
မှန်ကန်မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန ဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း
ပြောကြားသည်။
ထို့နောက် နေပြည်တော်
တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်နိုင်ရေး
နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး
သည်။
ယင်းနောက် အစည်းအဝေးသို့
တက်ရောက်လာကြသူများက နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်နိုင်ရေး နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်း
လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက် မည့် အခြေအနေများကို
ရှင်းလင်း တင်ပြကြရာ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် နေပြည်တော်
ကောင်စီဥက္ကဋ္ဌက တင်ပြဆွေးနွေး ချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာ
စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment