နေပြည်တော် ဧပြီ ၈
ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် မြန်မာနိုင်ငံဆိုင်ရာ
အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး
ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက
သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော
အိန္ဒိယနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးထားခြင်းခံရသည့်အ တွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း
ပြောကြားပြီး နှစ်နိုင်ငံအကြား စီးပွားဆက်သွယ်ရေးနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန်
ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
သတင်းစဉ်
No comments:
Post a Comment